သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mosul မြို့သိမ်းတိုက်ပွဲ နှေးကွေးဘွယ်ရှိ


Mosul မြို့မှာ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ပြင်နေတဲ့ သားအဖနှစ်ဦး
Mosul မြို့မှာ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ပြင်နေတဲ့ သားအဖနှစ်ဦး

အီရတ်နိုင်ငံ Mosul မြို့ အပြင်ဖက်မှာ သေနတ်ပစ်သံတွေ၊ အမြောက်နဲ့ ပစ်တဲ့အသံတွေဟာ နေ့စဉ် မပြတ်တမ်း ကြားနေရသလို မကြာခန လေကြောင်းက တိုက်ခိုက်မှုတွေနဲ့ မော်တော်ကားကို ဒုံးကျည်နဲ့ ထိမှန်တဲ့အသံကိုလည်း လူတွေက အရေးတယူ ထကြည့်တာမျိုး မရှိတော့ပါဘူး။ စစ်ဖြစ်နေတဲ့ ဒေသတွေရဲ့ အပြင်ဘက်မှာ တည်ရှိနေတဲ့ လူတွေ ပြည့်ကျပ်နေတဲ့ ဒုက္ခသည် စခန်းတွေကို ပြောင်းရွေ့လိုစိတ်မရှိတဲ့ အရပ်သား တချို့ကတော့ မြို့ရဲ့ အတွင်းပိုင်းကို မကြာသေးခင် ရက်တွေက ပြောင်းရွေ့ခဲ့ကြပါတယ်။

သူနေတဲ့ နေရာနဲ့ မီတာ ၂၀၀ လောက်သာ ဝေးတဲ့နေရာမှာ အသေခံကားဗုံး တိုက်ခိုက်မှုကို မျက်မြင် ကြုံတွေ့ခဲ့ရတဲ့ Noaaf Zanoon ဟာ စစ်ပွဲတွေကြောင့် တခြားနေရာကို ထွက်ပြေးသွားကြသူတွေရဲ့ အိမ်တအိမ်မှာ သူ့မိသားစုနဲ့ အတူ နေ ထိုင်နေပါတယ်။ မလှမ်းမကမ်းမှာရှိတဲ့ ကွင်းပြင်အတွင်းမှာတော့ IS စစ်သွေးကြွ အလောင်း ၂ ခုဟာ သူတို့ သေဆုံးတဲ့နေရာမှာပဲ ပုတ်သိုးနေ တာကို တွေ့ ရနိုင်ပါတယ်။

Mosul ဒေသတွင်းက ခရိုင် ၃ ခုကို IS တွေ လက်ထဲကနေ ပြန်လည် သိမ်းပိုက် လိုက်နိုင်ပေမယ့်လည်း IS အဖွဲ့ရဲ့ အင်အား အကောင်းဆုံး အကာကွယ်ဟာ လူသားတွေ ဖြစ်နေတဲ့အတွက် တိုက်ပွဲဟာ နှေးကွေးမှု ရှိနိုင်တယ်လို့ တပ်မှူးတွေ က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG