သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mosul စစ်ရေးဗျူဟာပြန်သုံးသပ်ဖို့ ကုလတိုက်တွန်း


ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက အီရတ်စစ်တပ်နဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေအနေနဲ့ မိုဆူးမြို.က IS အစ္စလာမ်စစ်သွေးကြွတွေကို တိုက်ခိုက်တဲ့ နည်းဗျူဟာတွေ ပြောင်းရေး ပြန်သုံးသပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ကုလလူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Zeid Ra’ad Hussein က IS စစ်သွေးကြွတွေက အရပ်သားတွေကို လူသားဒိုင်းအဖြစ်သုံးနေတဲ့ မိုဆူးလိုနေရာမျိုးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်၊ အရပ်သားတွေကို အန္တရာယ်ကြီးစေမယ့် စစ်သွေးကြွတွေရဲ့ ထောင်ချောက်ထဲ ကျသွားနိုင်တယ် လို့ ထောက်ပြလိုက်ပါတယ်။

လူ့အခွင့်အရေးမင်းကြီး Zeid က ဆက်ပြီး ဒီ IS စစ်သွေးကြွတွေရဲ့ မဟာဗျူဟာက သူတို့အကာအကွယ်ရဖို့ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ အမျိုးသားတွေကို အကာအရံဒိုင်းတွေအဖြစ်သုံးတာဖြစ်ပြီး၊ ဒါဟာ တကယ့်ကို သရဲဘောကြောင်ပြီး သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ လူ့အခွင့်အရေးမင်းကြီးက ခုလို မိုဆူး အခြေအနေမျိုးမှာ လေကြောင်းတိုက်ခိုက်မှုနည်းပရိယာယ်ကြောင့် အရပ်သားတွေ သေကျေတာ၊ အကြီးအကျယ် ထိခိုက်ခံစားရတာတွေ ဖြစ်သွားနိုင်တယ် လို့ ထုတ်ပြောခဲ့ပါတယ်။

ဒီမိုဆူးမြို. အနောက်ပိုင်းတိုက်ပွဲတွေထဲမှာ ဖေဖော်ဝါရီ ၂၇ ကနေ မတ်လ ၂၂ ရက်အတွင်း လူပေါင်း အနည်းဆုံး ၃၀၇ ဦးသေဆုံးခဲ့ရပြီး နောက်ထပ် ၂၇၃ ဦး ဒဏ်ရာရပြီးဖြစ်တယ်လို့ ပြောထားပါတယ်။

ဒီ သေကျေဒဏ်ရာရမှု အရေအတွက်က မိုဆူးအနောက်ပိုင်းတိုက်ပွဲတွေမှာ ပါတဲ့ ဘက်အားလုံးကြောင့်ဖြစ်တယ်၊ အီရတ်တပ်တွေ၊ မဟာမိတ်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ IS စစ်သွေးကြွတွေ ဗုံးကြဲတာ၊ ဗုံးထောင်တိုက်ခိုက်တာတွေ အားလုံးပါတယ်လို့ ကုလသမဂ္ဂက ထုတ်ပြောထားပါတယ်။

ဒါပေမဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေနဲ့ အီရတ်တပ်တွေဘက်ကနေ လူအသေအကျေများတဲ့ မတ်လ ၁၇ ရက် တိုက်ပွဲအပါအဝင် မိုဆူးမှာ အရပ်သားအများအပြား သေခဲ့ရတဲ့ အရေးကြီးတဲ့ တိုက်ပွဲတချို.ကို ပြန်စစ်ဆေးနေတာအတွက်တော့ ကြိုဆိုတယ်လို့ မင်းကြီး Zeid က ချီးကြူးခဲ့ပါတယ်။

ခုလိုအချိန်မှာ အီရတ်အရပ်သား ၁၀၀ ဝန်းကျင် သေခဲ့ရတဲ့ စွပ်စွဲချက်တွေ ခိုင်လုံမှုရှိမရှိသိရဖို့ ၁၀ ရက်တာ မိုဆူးလေကြောင်းတိုက်ခိုက်မှု ဗီဒီယိုမှတ်တမ်းပေါင်း ၇၀၀ ကို ကြည့်ရှု.စစ်ဆေးနေတယ်လို့ အမေရိကန်စစ်တပ်က ထုတ်ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG