သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ ကန်လေ့လာရေးခရီးရောက်ရှိ


အမေရိကန် ဖဒရယ်ပြည်ထောင်စု စနစ်ကို လေ့လာဖို့မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေအပါအဝင် မြန်မာအစိုးရနဲ့ တပ်မတော် အဆင့်မြင့်အရာရှိတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၅ ဦးပါဝင်တဲ့ အဖွဲ့ဟာ အမေရိကန် ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိနေပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ ခေါင်းဆောင်မှု အစီအစဉ်ကနေ ပထမဆုံးအကြိမ် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေကို အမေရိကန်ကို တရားဝင်ဖိတ်ခေါ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီအစီစဉ်ကနေ အမေရိကန်နိုင်ငံမှာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေ ကြား အာဏာခွဲဝေပြီး အပြန်အလှန်ထိန်းညှိတဲ့ စနစ်ကို မြန်မာကိုယ်စားလှယ်အဖွဲ့က လေ့လာမှာဖြစ်ပါတယ်။ ဒါအပြင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ တိုင်းရင်းသားလူမျိုးစုအားလုံးပါဝင်တဲ့ မြန်မာနည်းမြန်မာ့ဟန် ပြည်ထောင်စုစနစ်ကို ဘယ်လိုတည်ဆောက်မလဲဆိုတာကိုလည်း နှိုင်းယှဉ်လေ့လာမှာဖြစ်ပါတယ်။

၁၅ ရက်ကြာလေ့လာမယ့်ခရီးစဉ်အတွက် ဧပြီလ (၂၉)ရက်နေ့က ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ထဲမှာ ရန်ကုန်တိုင်းအစိုးရ တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသင်ဇာမျိုးနဲ့ အခြားပြည်နယ်နဲ့ တိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဗိုလ်မှူးချုပ် အဆင့် တပ်မတော် အရာရှိကြီးတဦးနဲ့ တပ်မှုးအဆင့် ရေတပ်အရာရှိတဦး အပါအဝင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ကရင် အမျိုးသားအစည်းအရုံး KNU အဖွဲ့အဝင်တွေ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG