သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ကနေဒါ ကို ဇွန်လ အစောပိုင်း သွားရောက်ဖို့ရှိ


ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး John Baird က ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံကို လာရောက်ပြီး ဂုဏ်ထူးဆောင် ကနေဒါ နိုင်ငံသား လက်မှတ်ကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်။
ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး John Baird က ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံကို လာရောက်ပြီး ဂုဏ်ထူးဆောင် ကနေဒါ နိုင်ငံသား လက်မှတ်ကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ပထမပတ် အတွင်း သွားရောက်ဖို့ လျာထားတဲ့ ကနေဒါနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်မှာ မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိကြောင်း တိုရန်တိုမြို့ မဟာဓမ္မိက ကျောင်းထိုင် ဆရာတော်က မိန့်ကြားပါတယ်။

ဒါ့အပြင် ကနေဒါရောက် မြန်မာအသိုင်အဝိုင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကနေဒါ ခရီးစဉ်ကို ကြိုဆိုကြောင်း ဆရာတော်က မိန့်ကြားပါတယ်။ မအင်ကြင်းနိုင်က အပြည်အစုံကို ဆက်ပြီး တင်ပြမှာပါ။

ကနေဒါ အစိုးရရဲ့ဖိတ်ကြားချက်နဲ့ လာရောက်ဖို့ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ကတော့ အခုချိန်ထိ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ မြို့တော် Ottawa မှာရှိတဲ့မြန်မာသံရုံးဘက်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် လာရောက်မယ့် အစီအစဉ်ကို အချိန်စောသေးတဲ့ အတွက် အတည်မပြုနိုင် သေးပေမဲ့ တိုရန်တိုမြို့ ကိုတော့ လာဖို့ သေချာကြောင်း သံရုံးက ဖြေကြားခဲ့ပါတယ်။

ဇွန်လ ပထမပတ်အတွင်း လျာထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကနေဒါ ခရီးစဉ်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်းနဲ့ ခရီးစဉ်အတွင်း မြန်မာမိသားစု တွေနဲ့လည်း တွေ့ဆုံဖို့ရှိကြောင်း တိုရန်တိုမြို့မဟာဓမ္မိက ကျောင်းထိုင် ဆရာတော် အရှင်ကောဝိဒက မိန့်ကြားပါတယ်။

“ ဒေါ်အောင်ဆန်းစုကြည် ကနေဒါကို လာမယ်ဆိုတာ ဘုန်းဘုန်းတို့ မေ ျှာ်လင့်နေတာ တော်တော် ကြာပါပြီ။ ဒါပေမယ့် သူလည်း အကြောင်း မညီညွတ်တာကြောင့် အခုမှ လာရတဲ့ သဘော ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ ကနေဒါက ဒေါ်အောင်ဆန်းစုကြည်ကို မစ္စတာ Harper လက်ထက်ကတည်းက အပြင်းအထန် ထောက်ပံ့ခဲ့တာကိုး။

ဒေါ်အောင်ဆန်းစုကြည်ကို Honorary Citizenship ပေးခဲ့တာကလည်း မစ္စတာ Harper လက်ထက်မှာ ပေးခဲ့တာဘဲပေါ့လေ။ အဲတော့ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို ဒီမှာ လာလည်စေချင်တယ်။ ဒကာမကြီးလည်း သူ အခုမှ အချိန်တွေက ရလို့ လာလည်တဲ့ သဘော ရှိပါတယ်။ အဲတော့ ဘုန်းဘုန်းတို့က ကြိုဆိုပါတယ်။

ဒီက လူတွေကလည်း တွေ့ချင်နေကြတယ်။ အဲတော့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် အဆင်ပြေ ချောမောစွာနဲ့ ရောက်ပါစေလို့ ဘုန်းဘုန်းတို့က ကြိုပြီး ဆုတောင်းပေးပါတယ်။ ”

ဒါအပြင် ကနေဒါနိုင်ငံရဲ့ဖက်ဒရယ် ပြည်ထောင်စု စနစ်ဟာ မြန်မာနိုင်ငံအတွက် အတုယူ လေ့လာဖို့ ကောင်းကြောင်း ဆရာတော်က မိန့်ကြားပါတယ်။

“ကနေဒါနဲ့ ဗမာပြည်နဲ့က အခု မြန်မာပြည်မှာ ဖက်ဒရယ် စနစ် လုပ်တော့မယ် ဆိုတော့ ကနေဒါနိုင်ငံ ကလည်း ဖက်ဒရယ် စနစ်လေ၊ အဲလို ပြည်နယ် ၁၀ ခုနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဆာဒီ လူမျိုးတွေရဲ့ ဒီ Territory၃ခု ရှိတာပေါ့လေ။ အဲဒီ ၃ ခုရှိတော့ ၁၃ ခုလို့ ပြောရမှာပေါ့။ အဲဒီတော့ ကိုယ့်ပြည်နယ်နဲ့ ကိုယ် ကိုယ့်ဥပဒေနဲ့ ကိုယ် အုပ်ချုပ်တယ် ပေါ့လေ။

ပြည်သူ့လွှတ်တော် ရှိတယ်။ အဲလို အုပ်ချုပ်ကြတယ်။ နိုဘာစကိုးရှား ဆိုလည်း နိုဘာစကိုးရှား ပေါ့လေ။ ဗြိတိသျှ ကိုလံဘီယာ ဆိုလည်း ဗြိတိသျှ ကိုလံဘီယာပေါ့ အစရှိသဖြင့်ပေါ့။

အဲဒီတော့ အဲဒီလို အုပ်ချုပ်တော့ ဒီမှာလာပြီး လေ့လာမယ်ဆိုတော့ အခုမြန်မာပြည် ကလည်း ဖက်ဒရယ် စနစ်ကို သွားမယ်ဆိုတော့ဘုန်းဘုန်းတို့က အလွန်အကျိုးရှိတဲ့ ခရီးစဉ် ဖြစ်ပါလိမ့်မယ်။”

ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ နေထိုင်တဲ့ ကနေဒါမှာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု မရှိအောင် ဥပဒေနဲ့ ထိန်းချုပ်ထားတဲ့ ပုံစံကလည်း အတော်လေး ကောင်းမွန်ကြောင်း ဆရာတော်က မိန့်ကြားပါတယ်။

“ဘာလို့လည်း ဆိုတော့ လူအအမျိုးမျိုး ဘာသာရေးကလည်း အထွေထွေလေ။ဒါပေမယ်လို့ ဥပဒေက ကောင်းတဲ့ အခါကြတော့ ဥပဒေနဲ့ ထိန်းချုပ်ထားတယ်။ ဘာသာ တခုကနေ ဘာသာတခုကို ဒီမှာ အပြစ်ပြောခွင့်မပြုပါဘူး။ ဘုန်းဘုန်းတို့ ကျောင်းတက်နေစဉ် အခါက ကျောင်းတွေမှာ ဘာသာရေး ဆွေးနွေးတယ် ဆိုရင် စ စကားပြောတယ် ဆိုကတည်းက ဆရာမကအတန်းထဲကနေ နှင်ထုတ်ပါတယ်။ ကျောင်းထဲမှာ မပြောရဘူး ဟုတ်လား။ ပြီးတော့ ပုလိပ် လုပ်ငန်းတွေလည်း လေ့လာလို့ရတယ်။ နောက်တခါ ဘုန်းဘုန်းတို့ Transportation System တို့ အကုန်ပေါ့လေ အဲဒါကို လာလေ့လာလို့ရပါတယ်။”

ကနေဒါ နိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် နိုင်ငံသားဆု ချီးမြှင့်ခဲ့ပြီး၊ ၁၉၉၃ခုနှစ်က နာမည်ကျော် တိုရန်တို တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့နဲ့ ၂၀၁၁ ခုနှစ်က အော်တဝါမြို့မှာ ရှိတဲ့ ကာလီတန် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG