သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငြိမ်းချမ်းရေးအပေါ် တရုတ်သဘောထား


MNDAA တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဉ်
MNDAA တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဉ်

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခ အခြေအနေ ကို မြန်မာ တပ် မတော်ဘက်က ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်ပြီလို့ မြန်မာ အစိုးရ တာဝန်ရှိသူတွေဘက်က တရုတ်အစိုးရ ကို ပြောကြား ခဲ့ကြောင်းနဲ့ တရုတ်နယ်စပ် ဘက်မှာ ခိုလှုံနေ တဲ့ တိုင်းရင်းသား စစ်ဘေးဒုက္ခ သည်တွေလည်း နေရပ်ကို မကြာခင်ပြန်နိုင် ဖို့ မျှော်လင့်ချက် ရှိနေကြောင်း နေပြည်တော် မှာ ကျင်းပခဲ့တဲ့ တရုတ်-မြန်မာနှစ်နိုင်ငံ ေ ဆွးနွေးပွဲ အပြီးမှာ တရုတ် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး က ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာပြည်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့ကလည်း သူတို့ရဲ့ဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကို ချက်ချင်းရပ်စဲမှသာ တန်ပြန် တိုက်ခိုက်မှုတွေကို သူတို့ဘက်က ရပ်ဆိုင်းမှာဖြစ် တယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ဆက်မှာပါ။

မြန်မာနိုင်ငံ မြောက်ပိုင်းမှာဖြစ်နေတဲ့ စစ်ရေးတင်းမာမှုအခြေအနေနဲ့ ပတ်သက် လို့ မြန်မာ တပ်မတော်ဘက်က အခြေအနေတွေကို ထိန်းချုပ်ထားနိုင်ပြီ လို့ နေပြည်တော်မှာ သောကြာနေ့က ကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ် တရုတ်-မြန်မာ နှစ်နိုင်ငံ အဆင့်မြင့်အရာ ရှိ တွေ့ဆုံဆွေးနွေး ပွဲမှာ မြန်မာ ဘက် က ပြောကြားကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး လျုံကျန့်မင် (Lui Zhenmin) က သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ ဒါအပြင် တရုတ်-မြန်မာနယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ဝိုင်းဝန်းကြိုးပမ်းကြဖို့ အခုလို တိုက်တွန်းခဲ့ပါတယ်။

“ဗြိတိသျှနယ်ချဲ့တွေ သိမ်းပိုက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ သမိုင်းဆိုင် ရာပြဿနာတွေကြောင့် တရုတ်-မြန်မာ နယ်စပ်တလျောက် ရဲ့ ဒေသ တဝက်လောက်နီးပါးကို မြန်မာအစိုးရက အပြည့်အဝထိန်းချုပ်နိုင်ခဲ့ခြင်းမရှိပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အောက်မှာပဲရှိခဲ့တာပါ။ တရုတ်အစိုးရ အနေနဲ့ တရုတ်နိုင်ငံဘက်အခြမ်း နယ်စပ်ဘက်အခြမ်းကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ် ထားချိန်မှာ မြန်မာဘက်မှာတော့ ပဋိပက္ခတွေ၊ အုပ်စု တိုက်ပွဲတွေဟာ အခုချိန်ထိ အမြဲဖြစ်ပွားနေပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ ယူနမ်ပြည်နယ် အပါအ ဝင် မြန်မာဘက်မှာပါ ငြိမ်းချမ်းပြီး တည်ငြိမ်ဖို့အတွက် တရုတ်-မြန်မာနယ် စပ်ထိန်းချုပ်မှု ခိုင်မာအားကောင်းဖို့ အလွန်အရေးကြီးပါတယ်။”

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက စတင်ဖြစ်ပွားခဲ့ တဲ့ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေကြောင့် နယ်စပ် ကိုဖြတ်ပြီး ထွက်ပြေးလာတဲ့ ထောင်နဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ယူနမ်ပြည် နယ်မှာ ခိုလှုံနေကြတာဖြစ်ပါတယ်။ မြန်မာစစ်တပ်က အခြေအနေတွေ ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့အတွက် စစ်ပြေးဒုက္ခသည်တွေ မကြာခင် နေရပ် ကို ပြန်နိုင်ဖို့ မျှော်လင့်ချက်တွေရှိနေကြောင်း Lui Zhenmin ကပြောပါတယ်။

ဒါအပြင် စစ်ပွဲတွေဖြစ်အောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေမှုတွေကို တရုတ်နဲ့ မြန်မာအစိုးရတွေက ဆန့်ကျင်ရှုတ်ချကြောင်း သူက အခုလို ပြောပါတယ်။

“တရုတ်-မြန်မာ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိ တွေ့ဆုံဆွေးနွေးပွဲကနေ ပဋိပက္ခဒေသမှာ ငြိမ်းချမ်းရေးပြန်လည်တည် ဆောက်ဖို့ဆိုတဲ့ ပြတ်သားတဲ့ အမှာစကား ပေးလိုက်ပါတယ်။ ဘယ်အဖွဲ့အစည်းကြောင့်ပဲ ဖြစ်ဖြစ် တမင်သက်သက်ဆွပေးနေတဲ့ စစ်မက်ဖြစ်ပွားမှုကို တရုတ်ရော မြန်မာအစိုးရပါ ဆန့်ကျင်သလို ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အမြန်ဆုံးပြန်ပြီး တည်ဆောက်နိုင်မယ်လို့ လည်း နှစ်နိုင်ငံ အစိုးရတွေက မျှော်လင့်မိပါတယ်။”

ဒါပေမဲ့ ငြိမ်းချမ်းရေး ဘယ်လိုတည်ဆောက်ကြမလဲ ဆိုတာ ကတော့ မေးခွန်းထုတ် စရာဖြစ်နေတယ်လို့ မြန်မာ့အရေးသုံးသပ်သူတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေးလေ့လာနေသူ ဒေါက်တာလှကျော်ဇော်က အခုလို သုံးသပ်ပါတယ်။


“ကျမသုံးသပ်ချက်က ဒီလိုပါ။ ကျမတို့ရဲ့ ပြည်တွင်းစစ်ကြီးမှာပဲဖြစ်ဖြစ်၊ အခု NLD အစိုးရရဲ့ လုပ်ဆောင်ချက်တွေမှာပဲဖြစ်ဖြစ် အဓိက အခရာက မြန်မာတပ်မတော် ရဲ့ စိတ်နေသဘောထားပါ။ မြန်မာ့တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေး လိုချင် ရင် ဖြစ်နိုင်ပါတယ်။ အဲတော့ ကာချုပ်ရဲ့ အဓိက စကားက လက်နက်အရင် ချရ မယ်ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စ။ ဒါကြောင့် ဟိုတလော တုန်း က ဆွေးနွေးကြတာရှိတယ်လေ။ မြန်မာ့တပ်မတော်က အပစ်အခတ်ရပ်စဲရေးကို ပထမဦးဆုံးကြေညာရမယ်။ ကြေညာပြီးလို့ရှိရင် နောက် (၄၈)နာရီအတွင်း ကျန်တဲ့တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက အပစ်အခတ်ရပ် စဲရေး ကြေညာပါမယ်လို့ ပြောထားတာ။ ဒါပေမဲ့ မြန်မာ့တပ်မတော် က တောက်လျောက်ထိုးစစ်တွေ ဆင်နေတာဖြစ်ပါတယ်။ အထူးသဖြင့် အရှေ့မြောက်ဘက်မှာ တောက်လျောက် ထိုးစစ်တွေ ဆင်နေတာ။ မြန်မာ့ တပ်မတော်က တကယ်ပဲ ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် သူတို့လုပ်ရမယ့် လမ်း(၂)လမ်းရှိတယ်။ တစ်အချက်က တပြည်လုံးအ ပစ်အခတ်ရပ် စဲရေး ကြေညာ၊ နှစ်အချက်က အထွေထွေလွတ်ငြိမ်းခွင့်ကြေညာ အဲဒါပြီးသွား လို့မှ ကျန်တဲ့အဖွဲ့တွေက ပြောမရဘူးဆိုရင် တမျိုးပေါ့။ အခု သူတို့က အင်အား အကြီးဆုံး၊ သြဇာအာဏာအရှိဆုံး သူတို့က အဲသလို ငြိမ်းချမ်းရေး မလိုချင်နေ သရွေ့ ကျမတို့ မြန်မာပြည်ကြီးမှာ ပြည်တွင်းစစ် ဆက်ပြီးဖြစ်နေမှာပါ။”

ဒီအတောအတွင်း မြန်မာပြည်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ KIA၊ MNDAA၊ TNLA နဲ့ AA တို့ ကလည်း စစ်မှန်ပြီး ခိုင်မာတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ပေါ်လာဖို့ တရုတ်အစိုးရဘက်က ကြားဝင်ညှိုနှိုင်းပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။

နိုဝင်ဘာလ (၂၅)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ရဲ့ ကြေညာချက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က နိုင်ငံရေးအရ ကိုယ်စားပြုမှုကို မြန်မာတပ်မတော်က လက်မခံတဲ့အပြင် စစ်ရေးအရေ အလုံး စုံချေမှုန်းရေးဆိုတဲ့ မူဝါဒနဲ့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေကို အဆက် မပြတ်ပြုလုပ်နေတဲ့အတွက် သူတို့အနေနဲ့ တန်ပြန်တိုက် ခိုက်မှုသာဖြစ်တယ် လို့ ဖေါ်ပြထားပါတယ်။ ဒါအပြင် ထိုးစစ်တွေချက်ချင်းရပ်မယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင်မဟာ မိတ်အဖွဲ့ကလည်း သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ချက်ချင်းရပ် မှာဖြစ်တယ်လို့ ရေးသားထားပါတယ်။

တရုတ်အစိုးရပိုင် ပြည်သူ့နေစဉ်သတင်းစာတိုက်က ထုတ်ဝေတဲ့ Global Times သတင်းစာရဲ့ နိုဝင်ဘာလ (၂၅)ရက်နေ့ထုတ် အယ်ဒီတာ အာဘော်မှာေ တာ့ မြန် မာနိုင်ငံမြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးရရှိစေရန် တစ်ခုတည်းသောနည်းလမ်းမှာ စစ်ပွဲဖြစ်ပွားနေသော အဖွဲ့အစည်းအ သီးသီးတို့အနေဖြင့် ခြွင်းချက်မဲ့ အပစ်အခတ် အမြန်ဆုံးရပ်စဲပြီး ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေး ရေး လမ်းကြောင်းပေါ် သို့ပြန်လည်ေ ရာက်ရှိလာရန်၊ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးခြင်းဖြင့် သဘောတူ ညီမှုများ ရရှိေ အာင်ကြိုးစားသင့်ကြောင်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG