သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက်မြန်မာလုပ်သားတွေ သံရုံးမှာ ကဒ်ပြားသစ် လျှောက်ထားနိုင်


ထိုင်းနိုင်ငံမြန်မာသံရုံးရှေ့
ထိုင်းနိုင်ငံမြန်မာသံရုံးရှေ့

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ပန်းရောင်ကဒ်လို့ခေါ်တဲ့အလုပ်လုပ်ခွင့်ကဒ် ရှိမယ်ဆိုရင် မည်သူမည်ဝါဖြစ်ကြောင်း CI ကဒ်ကို မြန်မာအလုပ်သမားအများစုရှိရာ နေရာ ၆ခုမှာ နိုဝင်ဘာလလယ် လောက်ကစပြီး စတင်ထုတ်ပေးဖို့ အတွက် ထိုင်းနဲ့ မြန်မာတို့ သဘောတူထားပြီး ဖြစ်ကြောင်းထိုင်းနိုင်ငံမြန်မာသံရုံးက ပြောဆိုပါတယ်။ ဒါ့အပြင် သာမန်နိုင်ငံကူးလက်မှတ်ကိုလည်းမှတ်ပုံတင်နဲ့ သန်းခေါင်းစာရင်မှန်ကန်ပြီး အထောက်အထား ပြည်စုံရင် မြန်မာသံရုံးက တဆင့်လျောက်ထားနိုင်တယ်လို့လည်းပြောပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံ က လုပ်ပေးတဲ့ အလုပ်လုပ်ခွင့်ကဒ်ပြားပန်းရောင်ကဒ်ရှိမယ် ဆိုရင် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကဒ်ဖြစ်တဲ့ CI ကဒ် ကို ဘန်ကောက်မြို့ အပါအဝင်နေရာ ၆ခုမှာ နိုဝင်ဘာလ ကစပြီး ထုတ်ပေးတော့မှာဖြစ်တယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ပြောပါတယ်။

“မယ်ဆိုင်၊ မဲဆောက်၊ ဘန်ကောက်ဆိုရင် ကျနော်တို့ ၃ နေရာပေါ့ လုပ်ဖို့ရှိတယ်။ မကြာတော့မကြာဘူး ထိုင်းကလည်း အကုန်လုံးလုပ်ပေးပြီးပါပြီ ။ ကျနော်တို့ မြန်မာဘက်ကလည်း မကြာခင်လာဖို့ ဝန်ထမ်းတို့ဘာတို့ အကုန်လုံးပေါ့နော် အဆင်သင့်ပြင်ပြီး သွားပါပြီ။ မကြာခင်တော့ကျနော်တို့ လုပ်ပေးမယ်။ ၂ နိုင်ငံဆိုင်ရာ အစည်းအဝေးတွေ ပြီးတာနဲ့ လုပ်ပေးမယ် ဒီလဆို ၁၅-၁၆ လောက်ဖြစ်သွားမှာပေါ့လေ။ ခန့်မှန်းထားတာပေါ့နော် နောက်ပြီးတော့ ကျနော်တို့အနေနဲ့ CI ကအဓိကပဲ CI နဲ့ ဘက်ကဒ် ပါ ထုတ်ပေးမှာ။”

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတချို့ ကိုင်ဆောင်ထားတဲ့ ခရမ်းရောင် ယာယီနိုင်ငံကူး လက်မှတ်တွေက ၄ နှစ်သက်တမ်းကုန်တာတွေဖြစ်လာတော့မှာမို့ ဒီနိုင်ငံကူးလက်မှတ်တွေကိုတော့ ဆက်ပြီး သက်တမ်းတိုးမှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။ စီအိုင်ကဒ် ကနေ တဆင့် သာမန်နိုင်ငံကူးလက်မှတ်တွေကိုလုပ်မယ်ဆိုရင်တော့ ထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာသံရုံးမှာ လျောက်ထားနိုင်ပြိး နိုင်ငံသားဖြစ်ကြောင်းအထောက်အထား အပြည့်အစုံရှိရမယ်လို့လည်းဆိုပါတယ်။

“CI ကနေပြီးတော့ မှ ၄ နှစ်သက်တမ်းရှိတယ် သူတို့ကနေပြီးတော့မှ သန်းခေါင်စာရင်းရှိတယ်။ မှတ်ပုံတင်ရှိတယ်။ သူတို့မှန်ကန်တယ်ဆိုရင် အဆင့်တွေတော့များမယ် ဘန်ကောက်သံရုံး ဘက်လာရမယ်၊ သူတို့လာရမယ်လေ ဒါက သံရုံးကပဲလုပ်လို့ရတယ်။ အနယ်နယ်အရပ်ဆိုတော့ ကိုယ့်နိုင်ငံမှာ မဟုတ်တဲ့ဟာကို ။ အဆင့်ဘယ်လိုများမလဲ ဘာတွေလုပ်ရမလဲ ဆိုတော့ ၁ သန်းခေါင်စာရင်းရှိရမယ်၊ မှတ်ပုံတင် ရှိရမယ် ကျနော်တို့က အဲဒါမှန်ရင် ထုတ်လို့ရတယ်။ နောက်ပြီး နေပြည်တော်ကိုတင်မယ် နိုင်ငံသားမှန်ရမယ်၊ ဒါပေမယ့် ကျနော်တို့ကဘာလဲဆိုတော့ စစ်ဆေးရမယ် ။ နိုင်ငံကူးစာအုပ် Passport စာအုပ်သည် နိုင်ငံသားအဖြစ်ပေးရမှာ အဲဒီလိုပေးရမှာဖြစ်တဲ့အတွက် ကျနော်တို့ အဆင့်ဆင့်တော့ စစ်ဆေးရမယ်။ မှန်တယ်ဆိုရင် ကျနော်တို့က ဒီကနေပြီး ကျနော်တို့က သံရုံးကနေ တင်ပေးမယ်၊ တင်ပေးလိုက်တာတွေသည် ကျနော်တို့ သံရုံးမှာ ထားထားတာတွေရှိတယ်။ ကျနော်တို့ရဲ့ ဘာလဲဆိုတော့ နိုင်ငံကူး Passport ထုတ်ပေးရေးရုံးပေါ့နော် အဲဒီအဖွဲ့ ၁ ဖွဲ့ထားထားတယ်။ အဲဒီအဖွဲ့ကနေပြီးတော့မှ ထုတ်ပေးမယ်။ ထုတ်ပေးတဲ့ဟာကို နေပြည်တော်ကိုတင်မယ် SP ကနေပြီးတော့မှစစ်ဆေးမယ် နောက်ပြီး လဝက ကနေမှ စစ်ဆေးမယ် နောက် သူ့အဆင့်ဆင့်ရှိတယ်။ အဲဒီအဆင့်အတိုင်းသွားရမှာ နေပြည်တော်ကိုတင်မယ်၊ နောက်တိုင်းဒေသကြီးကိုပို့မယ် တိုင်းဒေသကြီးကမှ ခရိုင်ပြီးတော့ မြို့နယ်ပို့မယ် ၊ မြို့နယ်ကနေပြီးတော့မှ စစ်ဆေးပြီးတော့ clear ဖြစ်တယ်ဆိုရင် သူ့အဆင့်ဆင့်ကနေ ပြန်တက်လာမယ်။ မှန်နေရင်တော့ မြန်မယ်၊ မှားနေရင်တော့ ကြာတာတွေရှိလာမယ်။”

ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်းအလုပ်သမား ၃ သန်းကျော် ရှိနိုင်တယ်လို့ ခန့်မှန်းထားပေမဲ့ နှစ်နိုင်ငံသဘောတူညီမူ MOU နဲ့ လာတဲ့အလုပ်သမားက နှစ်သိန်းကျော်ရှိပြီး အလုပ်လုပ်ခွင့်ကဒ်ပြား လုပ်ထားတဲ့သူကလည်း သိန်းဂဏန်းလောက်ပဲရှိတာပါ။

တချို့ကလည်း သက်တမ်းဆက်မတိုးနိုင်တာကြောင့် တရားမဝင်ဖြစ်သွားတဲ့သူတွေလည်းရှိကြပါတယ်။ ဒါ့အပြင် အများစုက တရားမဝင်ဝင်ရောက်လာသူတွေများတာကြောင့် အခု မည်သူမည်ဝါဖြစ်ကြောင်း စီအိုင်ကဒ်ထုတ်မယ် အရေအတွက်ကလည်း သိန်းဂဏန်းလောက်ပဲ ရှိနိုင်တာပါ ။ ထိုင်းနဲ့မြန်မာသဘောတူညီချက်အရတော့နေရာ ၆ခုမှာစင်တာတွေ ဖွင့်လှစ်ပြီး လုပ်ဆောင်သွားမှာဖြစ်လို့ မြန်မာအလုပ်သမားတွေအနေနဲ့ စီအိုင်ကဒ်တွေ လုပ်ဆောင်ဖို့ အတွက်မြန်မာသံရုံးကတော့ နှိုးဆော်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG