သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ စားနပ်ရိက္ခာ အကူအညီ လိုအပ်တဲ့နိုင်ငံစာရင်း မြန်မာပါဝင်


မြန်မာပြည်က စစ်ပြေးဒုက္ခသည်ကလေးငယ်များ။
မြန်မာပြည်က စစ်ပြေးဒုက္ခသည်ကလေးငယ်များ။

၂၀၁၇ ခုနှစ်အတွင်း ပြင်ပက စားနပ်ရိက္ခာအကူအညီ လိုအပ်တဲ့ နိုင်ငံပေါင်း ၃၇ နိုင်ငံထဲမှာ မြန်မာနိုင်ငံလဲ ပါဝင်နေတာကို ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ FAO ရဲ့ မတ်လ ၁ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
အထူး သဖြင့်တော့ နှစ်နှစ်ဆက်တိုက် ရေကြီးတဲ့ဒဏ် ခံခဲ့ရတဲ့ဒေသတွေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခဖြစ်နေတဲ့ ဒေသ တွေမှာ စားနပ်ရိက္ခာလိုအပ်ချက် ရှိနေတာပါ။

၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ခန့်မှန်းခြေ လူပေါင်း ၅၀၀,၀၀၀ လောက် ရေကြီးတဲ့ ဒဏ်ကို ခံစားခဲ့ကြရတယ်လို့ FAO က ပြောပါတယ်။ ၂၀၁၅ ခုနှစ်က ရေကြီးတဲ့ဒဏ် ကနေတောင်မှ ချင်းနဲ့ရခိုင်ပြည်နယ်က အိမ်ထောင်စုတွေ အပြည့်အ၀ ပြန်ပြီး နာလန် မထူနိုင်သေးဘူးလို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ လူပေါင်း ၁၂၀,၀၀၀ ပတ်ဝန်းကျင် အိုးအိမ်စွန့်ထွက်ပြေးနေရပြီး ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ လူပေါင်း ၉၈,၀၀၀ အိုးအိမ်စွန့် ထွက်ပြေးနေရတယ်လို့လဲ FAO ကပြောပါတယ်။ ခန့်မှန်းခြေ လူပေါင်း ၁၆၂,၀၀၀ ပတ်ဝန်းကျင်ဟာ စားနပ် ရိက္ခာလုံလောက်မှုမရှိဘဲ အဲဒီထဲက ၇၈,၀၀၀ ထက်မနည်းဟာ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့ FAO အစီရင်ခံစာ မှာ ပြောထားပါတယ်။

အာရှတိုက်မှာ စားနပ်ရိက္ခာမလုံလောက်တဲ့နိုင်ငံ ၈ နိုင်ငံရှိတယ်လို့ FAO အစီရင်ခံစာမှာဖော်ပြထားပြီး မြန်မာနိုင်ငံနဲ့အတူ ဆီးရီးယား၊ မြောက်ကိုရီးယား၊ ယီမင်၊ အာဖဂန်နစ္စတန်၊ အီရတ်၊ လစ်ဗျားနဲ့ ပါကစ္စတန်နိုင်ငံတို့ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG