သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအလုပ်သမား ဥပဒေပြုပြင်ရေး နိုင်ငံတကာ ကိုယ်စားလှယ် များနှင့်ဆွေးနွေး


နေပြည်တော်ကို ချီတက်သည့် ဆန္ဒပြ အလုပ်သမား များအား ရဲက တားဆီး ( မေလ ၂၀၁၆ )
နေပြည်တော်ကို ချီတက်သည့် ဆန္ဒပြ အလုပ်သမား များအား ရဲက တားဆီး ( မေလ ၂၀၁၆ )

မြန်မာ၊ အမေရိကန်၊ အီးယူ၊ ဒိန်းမတ်၊ ဂျပန်နဲ့ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ ချုပ်တို့က ကိုယ်စားလှယ်တွေဟာ အလုပ်သမား ဥပဒေ ပြုပြင်ရေးနဲ့ အသင်းအဖွဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ ပါဝင်ပတ်သက်သူများအားလုံးရဲ့ - ကနဦး အဆင့် ဒုတိယအကြိမ် ဖိုရမ်ကို စက်တင်ဘာလ ၂၉ ရက်နေ ၃၀ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပခဲ့ကြပါတယ်။

ဒီ သက်ဆိုင်သူများရဲ့ ဖိုရမ်ကို ကျင်းပခြင်းဖြင့် မြန်မာနိုင်ငံရဲ့ လုပ်ဖော်ကိုင်ဖက် အစုအဖွဲ့ ၃ ခုဖြစ်တဲ့ နိုင်ငံတကာ အစိုးရများ၊ ILO ၊ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ဖော်ကိုင် ဖက်များ၊ နိုင်ငံတကာ စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံသူများအပြင် လူထုအခြေပြု လူမှု အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး ညှိနှိုင်းဖို့ အခွင့်အရေး ရရှိစေမှာဖြစ်တယ်လို့ အီးယူ ကိုယ်စားလှယ်အဖွဲ့က အောက်တိုဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။

ဖိုရမ်မှာ ပါဝင်သူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေနဲ့ ကျင့်ထုံးများ အတွက် ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စတွေနဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့တဲ့ အပြင် နိုင်ငံတကာ အလုပ်သမား ဥပဒေတွေနဲ့ တန်းတူဖြစ်လာအောင် လိုက်နာေ ဆာင်ရွက်ရမယ့် ကိစ္စရပ်တွေ၊ ပြည်တွင်း ပြည်ပက သက်ဆိုင်သူတွေ ဒီလုပ်ဆောင် မှုတွေထဲ ပါဝင်လာရေးအတွက် ဘယ်လို အားပေး အားမြောက် ပြုသင့်တယ် ဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

၂၀၁၅ ခုနှစ် မေလအတွင်း ကျင်းပခဲ့တဲ့ ပထမအကြိမ် ဖိုရမ်းမှာ ချမှတ်ခဲ့တဲ့ အလုပ်သမားရေးဆိုင်ရာ ဥပဒေတွေနဲ့ ကျင့်ထုံးတွေ တိုးတက်မှု ရှိလာခဲ့မှုအပေါ် ဒီဖိုရမ်းကို တက်ရောက်လာသူတွေက ကြိုဆိုလိုက်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG