သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၅ မှာ မြန်မာကို ဖွံဖြိုးမှုအနိမ့်ဆုံး နိုင်ငံများစာရင်းက ဖယ်ရှားနိုင်


မြန်မာပြည်အလယ်ပိုင်း မင်းဘူး ရေနံတူးဒေသ (၂၀၁၃)
မြန်မာပြည်အလယ်ပိုင်း မင်းဘူး ရေနံတူးဒေသ (၂၀၁၃)

မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံစာရင်းကနေ ၂၀၂၅ ခုနှစ်မှာ ဖယ်ရှားပေးနိုင် မယ့် အလားအလာ ရှိတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၁၆ ခုနှစ် ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံများဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ရာမှာ LDC ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံ စာရင်းဝင် ၄၈ နိုင်ငံအနက် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံဟာ ရှေ့လာမယ့် ၈ နှစ်ကနေ ၉ နှစ်အတွင်း စာရင်းကနေ ပယ်ဖျက်နိုင်မယ့် အလားအလာ ရှိတဲ့အကြောင်း မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီ အစဉ် UNDP ရဲ့ စီးပွားရေး အကြံပေးပုဂ္ဂိုလ် Thomas Kring က ပြောဆိုလိုက် တာ ဖြစ်ပါတယ်။

တိုင်းပြည်စီးပွားရေး၊ ဝင်ငွေ၊ ပညာရေးအဆင့်အတန်းနဲ့ လူတွေရဲ့သက်တမ်းတွေလို လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုတွေအပေါ် အခြေခံပြီး ကုလသမဂ္ဂက LDC ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံတွေစာရင်းမှာ ထည့်သွင်းလေ့ ရှိပါတယ်။ မြန်မာနိုင်ငံကတော့ ၁၉၈၇ ခုနှစ်မှာပဲ LDC စာရင်းဝင်နိုင်ငံ ဖြစ်ခဲ့တာပါ။

LDC စာရင်းဝင်အဖြစ်က ပယ်ဖျက်ခံရတာဟာ ကြီးမားတဲ့ သမိုင်းဝင် ခြေလှမ်းတရပ် ဖြစ်ပေမဲ့ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင် မဟုတ်သေးဘူးဆိုတာ သတိထားဖို့ အရေး ကြီးတယ်လို့လည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းဆောင် ရွက်ရေးမှူး Renata Lok-Dessallien က သတိပေးခဲ့ပါတယ်။ LDC စာရင်းမှာ မပါတော့တာဟာ စီးပွားရေး အားကောင်းပြီး၊ ဖွံ့ဖြိုးမှုတွေမှာ အောင်မြင်မှုရတဲ့ လက္ခဏာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

UNDP ရဲ့ စီးပွားရေး အကြံပေးပုဂ္ဂိုလ် Kring ကလည်း LDC စာရင်းဝင် မဟုတ်တော့ တဲ့အတွက် တခြားဖွံ့ဖြိုးမှုအနိမ့်ဆုံး မဟုတ်တဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက် နိုင်ပြီး ပြည်ပဈေးကွက်တွေကို တင်ပို့မှုတွေမှာ အထောက်အကူ ဖြစ်လာနိုင်တယ် လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း LDC စာရင်းဝင် နိုင်ငံတွေကို ပေးအပ်နေတဲ့ အကူအညီမျိုးတွေကတော့ ရနိုင်တော့မှာ မဟုတ်ဘူးလို့လည်း သူက ပြောဆိုခဲ့ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG