သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောရှိ မွတ်စလင် ၁၁ ရွာ သတင်းသမားများ ဒုတိယမြောက်နေ့ သွားရောက် လေ့လာ


the media team in Maungdaw (MOI Webportal Myanmar)
the media team in Maungdaw (MOI Webportal Myanmar)

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်ကို ရောက်ရှိနေသတင်းယူနေကြတဲ့ဗွီအိုအေ မြန်မာပိုင်း သတင်းထောက်အပါအဝင် သတင်းသမား အယောက် ၂၀ နီးပါးပါဝင်တဲ့ အဖွဲ့ဟာ ဒီကနေ့ ကြာသာပတေးနေ့မှာ ကျီးကန်းပြင်၊ ဝပိတ်၊ ငါးစာကြူ၊ ကြက်ရိုးပြင်၊ ငါးခူရ စတဲ့ မွတ်စလင်ရွာပေါင်း ၁၁ ရွာကို သွားရောက်ကြည့်ရှုကြ မှာဖြစ်ပါတယ်။ ၂၀၁၆ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း နေရပ်ကနေ ထွက်ပြေးခဲ့ကြပြီး ပြန်လည် ရောက်ရှိနေထိုင်ကြသူတွေရဲ့ အခြေအနေကို သွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်။

ဒါအပြင် မောင်တောဒေသကို ရောက်ရှိလေ့လာနေတဲ့မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံတမန် Dr. Colin Steinbach ဦးဆောင်တဲ့ အဖွဲှ့ ဝင် (၁၃)ဦးပါတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့လည်း မြန်မာသတင်းမီဒီယာသမားတွေ ဒီကနေ့ တွေ့ဆုံဖို့ရှိပါတယ်။ ရဲတပ်ဖွဲ့

မနေ့ကတော့ အကြမ်းဖက် တိုက်ခိုက်မှု ထပ်မံလုပ်ဖို့ ကြံစည်သူတွေလို့ စွပ်စွဲခံထားရတဲ့ ဒေသခံ (၁၇)ဦးကို ဖမ်းဆီးထားတဲ့ အခြေအနေနဲ့ပတ်သက်လို့ အမှတ် ၃ နယ်ခြားစောင့် ရဲစခန်းမှူးနဲ့ သတင်းမီဒီယာသမားတွေ တွေ့ဆုံမေးမြန်းခွင့်ရခဲ့သလို၊ တင်းမေကျေးရွာမှာရှိတဲ့ စွပ်စွဲခံထားရသူတွေရဲ့ မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက အခြေနေတွေကို လေ့လာဖို့ အတွက်၊ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ၁၇ ဦးပါ သတင်းမီဒီယာ အဖွဲ့ဟာ ဒီကနေ့ ဘူးသီးတောင် မြို့နယ်ကို သွားရောက် လေ့လာနေကြပါတယ်။ သတင်းထောက်တွေအနေနဲ့ ဧပြီလ ၁ ရက် စနေနေ့အထိ သက်ဆိုင်ရာတာဝန်ရှိသူတွေ သတ်မှတ်ခေါ်သွားမယ့် နေရာတွေ မှာ လေ့လာ သတင်းယူနိုင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG