သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံကူးလက်မှတ် ကမ္ဘာ့တန်းဝင်အဆင့် ၉၃ အနက် ၈၅ နေရာမှာရှိနေ


မြန်မာနိုင်ငံကူးလက်မှတ် ကမ္ဘာ့တန်းဝင်အဆင့် ၉၃ အနက် ၈၅ နေရာမှာရှိနေ
မြန်မာနိုင်ငံကူးလက်မှတ် ကမ္ဘာ့တန်းဝင်အဆင့် ၉၃ အနက် ၈၅ နေရာမှာရှိနေ

မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ ကမ္ဘာတဝန်း နိုင်ငံနဲ့ဒေသပေါင်း ၁၉၉ ခုထဲက ၁၂ ခုကို ပြည်ဝင်ခွင့်ဗီဇာ မလိုဘဲ ဝင်ရောက်ခွင့်ရထားပါတယ်။

နိုင်ငံနဲ့ဒေသပေါင်း ၁၉၉ ခုရဲ့ နိုင်ငံကူးလက်မှတ် ပါ့စ်ပို့တ်တွေကို အဆင့်သတ်မှတ်တဲ့ passportindex.org အဖွဲ့က မကြာသေးခင် ကထုတ်ပြန်တဲ့ စစ်တမ်းထဲမှာ အဲဒီလို ဖော်ပြထားတာပါ။ မြန်မာနိုင်ငံကူးလက်မှတ်ရဲ့ ဗီဇာလွတ်လပ်ခွင့်ကို ကိုဆိုဗိုနိုင်ငံနဲ့အတူ ၄၁ မှတ်ပေးထားပြီး အဆင့်ပေါင်း ၉၃ ဆင့်ထဲ အဆင့် ၈၅ မှာ သတ်မှတ်ထားပါတယ်။

ဗီဇာကြိုယူစရာမလိုတဲ့ နိုင်ငံနဲ့ဒေသ ၁၂ ခုထဲမှာ အရှေ့တောင်အာရှနိုင်ငံများ ASEAN အဖွဲ့ဝင် ၈ နိုင်ငံပါဝင်ပြီး မလေးရှားနိုင်ငံကို ဝင်ဖို့ဆိုရင်တော့ ဗီဇာကြိုယူရပါမယ်။ ဗီဇာယူစရာမလိုတဲ့ တခြားနိုင်ငံတွေကတော့ Ecuador, Haiti, Micronesia နဲ့ St. Vincent and Grenadines နိုင်ငံတွေဖြစ်ပါတယ်။

တခါ Visa on Arrival ဆိုက်ရောက်ဗီဇာယူပြီး ဝင်လို့ရတဲ့နိုင်ငံပေါင်း ၂၇ နိုင်ငံရှိပြီး အဲဒီထဲမှာ အာဖရိကတိုက်က အိုင်ဗရီကို့စ်၊ ကင်ညာ၊ မိုဇမ်ဘစ်၊ ယူဂန်ဒါ၊ ဇမ်ဘီယာ စသည်ဖြင့် ၁၆ နိုင်ငံပါဝင်ပါတယ်။ Timor-Leste နဲ့ နီပေါလ်နိုင်ငံတွေကိုဝင်မယ်ဆိုရင် လဲ ဆိုက်ရောက်ဗီဇာနဲ့ ဝင်လို့ရပါတယ်။

နိုင်ငံနဲ့ဒေသပေါင်း ၁၉၉ ခုရဲ့ ပါ့စ်ပို့တွေထဲမှာ ဗီဇာလွတ်လပ်ခွင့်ရမှတ် ၁၅၉ မှတ်နဲ့ အဆင့် ၁ အဖြစ် သတ်မှတ်ထားတာကတော့ ဂျာမနီနဲ့စင်္ကာပူ နိုင်ငံကူးလက်မှတ်တွေပါ။ ဆွီဒင်နိုင်ငံကူးလက်မှတ်ကိုတော့ အမှတ် ၁၅၈ မှတ်နဲ့ အဆင့် ၂ မှာ သတ်မှတ်ထားပါ တယ်။ ဒိန်းမတ်၊ ဖင်လန်၊ အီတလီ၊ ပြင်သစ်၊ စပိန်၊ နော်ဝေး၊ ယူကေ၊ တောင်ကိုရီးယား၊ အမေရိကန်နိုင်ငံတွေရဲ့ နိုင်ငံကူး လက်မှတ်တွေကိုတော့ ရမှတ် ၁၅၇ မှတ်စီနဲ့ အဆင့် ၃ မှာ သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ် ကမ္ဘာ့တန်းဝင်အဆင့် ၉၃ အနက် ၈၅ နေရာမှာရှိနေ
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG