သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာငြိမ်းချမ်းရေး ရန်ပုံငွေဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း


 ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း (Myanmar State Counsellor Office)
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း (Myanmar State Counsellor Office)

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ရံပုံငွေဆိုင်ရာ ပေါင်းစပ် ညှိှုနှိုင်းရေးအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်စုကြည် က ဥက္ကဌ အဖြစ်ဆောင်ရွက်ပြီး အစိုးရ လွှတ်တော် တပ်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းလိုက်ပါတယ်။ တိုင်းရင်းသားကိုယ်စားလှယ်တွေထဲမှာတော့ NCA လက်မှတ်ထိုးတဲ့အဖွဲ့တွေသာ မက လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အချို့လည်း ပါဝင်ကြမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံတကာကပေးလာတဲ့ အကူအညီတွေကို ထိန်းချုပ်ဖို့မဟုတ်ပဲ၊ မှန်မှန်ကန်ကန်မျှမျှတတဖြစ်ရေး ကြီးကြပ်ပေးဖို့သာဖြစ်တယ်လို့ ဖွဲ့စည်းရေးဆွေးနွေးပွဲမှာ ပါဝင်တဲ့ PNLO ဦးဆောင် နာယက ဦးခွန်းဥက္ကာက ပြောပါတယ်။ ကိုသားညွန့်ဦးက ဦးခွန်ဥက္ကာကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။နိုင်ငံတကာကနေပြီးတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ထားတဲ့ အကူအညီတွေရှိပါတယ်။ ဥပမာ - ဥရောပသမဂ္ဂ လည်းရှိပါတယ်။ နောက်တခြားအဖွဲ့အစည်းတွေလည်းရှိတယ်။ ဆိုတော့ အလှူငွေတွေအကုန်လုံးက ဒီအဖွဲ့ကပဲ တဆင့်ဖြစ်ရမယ်ဆိုတဲ့သဘောလား။

ဖြေ။ ။အဲဒီလိုလည်း မဟုတ်သေးဘူးခင်ဗျ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ ဦးစားပေးစနစ်ပေါ့ ဘယ်ကဏ္ဍကိုဦးစားပေးပြီးတော့ ပံ့ပိုးသင့်တယ် ဆိုတဲ့ဟာပေ့ါ နည်းနည်းလေး approval လ ုပ်ပေးတဲ့အဆင့်ပါပဲ ။ သုံးတဲ့လူနဲ့ ပေးတဲ့လူ သဘောတူရင်တော့ ရပါတယ်။ သို့သော် ရတဲ့လူက ပိုရ၊ မရတဲ့လူက မရမဖြစ်အောင် မျှမျှတတလေးဖြစ်အောင် နည်းနည်းလေး oversight လုပ်ပေးတဲ့ သဘောနဲ့ ဖွဲ့တာဖြစ်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဒီလိုမျိုး အလှူငွေတွေ၊ ရန်ပုံငွေတွေ ကူမယ်ဆိုရင် ဒီအဖွဲ့နဲ့ တိုင်ပင်ရမယ်ဆိုတဲ့သဘောလား oversight ဆိုတာ ဘယ်လိုမျိုး လုပ်မှာလဲ။

ဖြေ။ ။ဒီအဖွဲ့ကနေပြီးတော့ အဆိုပြုတဲ့ sector တွေရှိတာပေါ့။ ဥပမာ- sector ၄ ခု ကျနော်တို့ ဦးစားပေးမယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တယ်။ ဥပမာ- NCA Ceasefire နဲ့ Peace implementation sector ပေါ့ဗျာ အဲဒါမျိုးနောက်ပြီးတော့ Development supporting for peace Process ဆိုတဲ့ sector မျိုး၊ နောက်ပြီးတော့ negotiation and Dialogue sector ပေါ့ ၊ နောက်ဆုံး NRPC sector ပေ့ါဗျာ အဲဒီလို sector တွေမှာ အကျုံးဝင်တဲ့ လုပ်ငန်းတွေဆိုရင် အလှူရှင်တွေရဲ့ criteria နဲ့ ကိုက်တယ်ဆိုရင် အလှူရှင်ကပေးပေါ့။ မကိုက်ဘူးဆိုရင်လည်း မပေးနဲ့ပေါ့ ဒါအလှူရှင်တွေဘက်က final decision က သူတို့လက်ထဲမှာပါ။

မေး။ ။တနည်းအားဖြသ့်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လုပ်နေကြတဲ့ Donors forum လိုမျိုးပေါ့ ဒီအဖွဲ့ပါပါမယ် တခြား အလှူရှင်အဖွဲ့အစည်းတွေပါမယ်။ သီးသန့် Forum မျိုးလုပ်ဖို့ရှိပါသလား။

ဖြေ။ ။မရှိပါဘူး အလှူရှင်တွေဘက်က သူတို့ စုဖွဲ့ထားတဲ့ ပုံစံအတိုင်း ပဲ ရှိပါစေ။ အဲဒီအလှူရှင်တွေရဲ့ အစုအဖွဲ့နဲ့ တိုင်ပင်ပြီးတော့ ၂ ဘက်ပေါ့ဗျာ ဒီ ဘက်ကလည်း ဘယ် program တွေက ဦးစားပေးသင့်တယ်၊ ဘယ်ဟာအရေးပေါ်ဖြစ်တယ်ဆိုတာ တင်ပြသလို အလှူရှင်တွေဘက်ကလည်း သူတို့ criteria နဲ့ ကိုက်အောင် ညှိပြီးတော့ အထောက်အကူပေးဖို့ပေါ့၊ အပြန်အလှန် ညှိနှိုင်းတိုင်ပင် ပြီးတော့ လုပ်သွားမယ့်သဘောပါပဲ။

မေး။ ။ အဲဒီတော့ ဦးခွန်ဥက္ကာ အမြင်အရ အခုလို အဖွဲ့ဖွဲ့လိုက်ချင်းအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ဘယ်လောက်အထိ ထိရောက်နိုင်သလဲ ၊ ဘာတွေများထူးလာနိုင်သလဲခင်ဗျ။

ဖြေ။ ။တခုကတော့ ကျနော်တို့ ဖွဲ့တဲ့ Team က National body ဆိုတော့ ဟိုအရင်စဉ်းစားသလို partnership တော့မဟုတ်တော့ဘူး ။ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်တုန်းကတော့ အလှူရှင်က one partner ၊ အစိုးရက one partner ၊ တိုင်းရင်းသားက one partner ပေါ့ ။ ဆိုတော့ ၃ partner ပုံစံက ကျနော်တို့ပြောင်းပြီးတော့ အခုတော့ တိုင်းရင်းသားကော၊ အစိုးရကော ပေါင်းပြီးတော့ body ဖွဲ့လိုက်တော့ one partner ပဲဖြစ်သွားတာပေါ့နော်။

မေး။ ။သမ္မတ ဦးသိန်းစိန်လက်ထက်တုန်းကဆိုရင် MPC တို့ရှိတယ်၊ သီးခြားနိုင်ငံခြားအကူအညီတွေယူခဲ့တာတွေရှိတယ်။ ငွေကြေးလည်ပတ်မှုတွေ ဒါတွေနဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်မှုမျိုးရော ရှိပါသလားခင်ဗျ ဒီအဖွဲ့က ။

ဖြေ။ ။အဲဒါကတော့ မရှိဘူးခင်ဗျ၊ ဘာကြောင့်လဲဆိုတော့ အဟောင်းတုန်းက ကျင့်သုံးခဲ့တဲ့ လုပ်ငန်းတွေနဲ့၊ ပေါ်လာစီတွေနဲ့ မူတွေကိုပြန်ပြီးတော့ ကိုင်တွယ်တာ မရှိတော့ဘူးခင်ဗျ ။ အခုက အစိုးရသစ် inniciative နဲ့စပြီးတော့ ဖွဲ့တဲ့ national body ပေါ့။ နောက်ပြီးတော့ National ownership ဆိုတဲ့ Idea နဲ့ ချဉ်းကပ်မှုမျိုးဖြစ်ပါတယ်။

မေး။ ။Donor အဖွဲ့အစည်းတွေလည်း တက်ရောက်တယ်ဆိုတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ဘယ်လောက်အထိ ရံပုံငွေထည့်ဝေမယ်ဆိုတဲ့ Commitment ပေးတာမျိုးရော ရှိပါသလား။

ဖြေ။ ။Donor တွေကတော့ ကျနော်တို့ အလုပ်လုပ်မယ့်အဖွဲ့တွေရဲ့ တင်ပြတဲ့ Propose amount ပေါ့ဗျာ၊ လုပ်ငန်းနဲ့ Propose amount ကို သူတို့က စိစစ်တာပေါ့။ သူတို့ကတော့ ဒီ Peace process ကိုကူဖို့ commitment တော့ရှိတာပေါ့နော် သို့သော် အဲဒီလို ကူဖို့နေရာမှာ ဒီ Implementating လုပ်မယ့်အဖွဲ့တွေကလည်း ကိုယ်လုပ်ချင်တာနဲ့ ၊ Amount နဲ့ တင်ပြဖို့ လိုတာပေါ့နော်။ အဲဒီတင်ပြတဲ့နေရာမှာ Transperancy ရှိရေးဆိုတာကတော့ ဘယ်သူက ဘယ်လောက်တင်တယ၊ ဘယ်ကိစ္စလုပ်မယ်ဆိုတာကို ဒီ National body ကို အသိပေးတဲ့ သဘောမျိုးပေါ့ အဲဒါပါပဲ။

မေး။ ။ ဦးခွန်ဥက္ကာရေ အခုလို ဖြေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG