သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-ကမ္ဘောဒီယား ဆက်ဆံရေး တိုးမြှင့်မည်


သမ္မတဦးထင်ကျော်နဲ့ သမ္မတကတော် ဒေါ်စုစုလွင် တို့ကို ကမ္ဘောဒီးယားဘုရင် Norodom Sihamoni က သူရဲ့နန်းတော်မှာ လက်ခံတွေ့ဆုံစဉ်
သမ္မတဦးထင်ကျော်နဲ့ သမ္မတကတော် ဒေါ်စုစုလွင် တို့ကို ကမ္ဘောဒီးယားဘုရင် Norodom Sihamoni က သူရဲ့နန်းတော်မှာ လက်ခံတွေ့ဆုံစဉ်

ကမ္ဘောဒီးယားဘုရင် Norodom Sihamoni ရဲ့ ဖိတ်ကြားချက်နဲ့ လေးရက်ကြာ ၂ နိုင်ငံချစ်ကြည်ရေး ခရီး သွားရောက်နေတဲ့ မြန်မာသမ္မတ ဦးထင်ကျော်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Sen တို့ စနေနေ့ တွေ့ဆုံပြီးတဲ့နောက်မှာ ကမ္ဘောဒီးယား- မြန်မာ ၂ နိုင်ငံကြား ကုန်သွယ်ရေး၊ ခရီးသွား လုပ်ငန်းနဲ့ ပညာရေး ကဏ္ဍတွေမှာ ဆက်ဆံရေးတိုးမြှင့်ဖို့ သံဓိဌာန်ချခဲ့ကြတယ်လို့ ဝန်ကြီးချုပ်ရဲ့ လက်ထောက် Eang Sophalleth က ပြောကြားလိုက်ပါတယ်။

သမ္မတ ဦးထင်ကျော်က ၂ နိုင်ငံကြား ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ ပညာရေးဆိုင်ရာ ကဏ္ဍတွေ ဖွံ့ဖြိုးအောင်လုပ်ဖို့ အခွင့်အလန်းတွေ ရှိနေတာမို့ တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ အကြံပြုခဲ့သလို ဝန်ကြီးချုပ် Hun Sen ကလည်း ဒီအကြံပြုချက်ကို သဘောတူခဲ့တဲ့ဲ့ အပြင် ကမ္ဘောဒီးယား ဘုန်းတော်ကြီးတွေကို မြန်မာနိုင်ငံမှာ ပညာသင်ခွင့် ရဖို့ ပညာသင်ဆုတွေ ပေးခဲ့တာအတွက် ကျေးဇူးတင်ကြောင်း ပြန်လည် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

၂ နိုင်ငံအနေနဲ့ ACMECS ဧရာဝတီ- ကျောက်ဖရား-မဲခေါင် စီးပွါးရေး ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာ၊ CLMV ကမ္ဘောဒီးယား- လာအို- မြန်မာ- ဗီယက်နမ် ၄ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ မဲခေါင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနဲ့ အာဆီယံ ဆိုင်ရာ မူဘောင်တွေအတွင်း ကမ္ဘောဒီးယား- မြန်မာ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး တိုးတက်ခိုင်မာအောင် လုပ်ဖို့လည်း ဝန်ကြီးချုပ် Hun Sen က ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယား- မြန်မာ ၂ နိုင်ငံ ကုန်သွယ်ရေးပမာဏဟာ သိပ်မများလှပေမယ့် ကမ္ဘောဒီးယားကို လာရောက်တဲ့ မြန်မာ ခရီးသွား အရေအတွက်က တနှစ်ထက် တနှစ် တိုးလာနေတယ်လို့ ကမ္ဘောဒီးယား ခရီးသွား ဆိုင်ရာအချက်အလက် မှတ်တမ်းမှာ ဖေါ်ပြထားပါတယ်။

သမ္မတ ဦးထင်ကျော်နဲ့ ဇနီးကို သောကြာနေ့က ဘုရင့်နန်းတော်မှာ ဂုဏ်ပြုအခန်းအနားနဲ့ ကြိုဆိုခဲ့ပြီး ဘုရင်မင်းမြတ်နဲ့ တွေ့ဆုံစဉ်မှာလည်း ပညာရေး၊ သာသနာရေးနဲ့ ယဉ်ကျေးမှု ဆိုင်ရာ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။ သမ္မတ ဦးထင်ကျော်နဲ့ အဖွဲ့ဟာ တနင်္လာနေ့မှာ ကမ္ဘောဒီးယား ချစ်ကြည်ရေး ခရီးစဉ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG