သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအထူးသံတမန်အဖွဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံ


မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင့်ဦးဆောင်တဲ့ မြန်မာ အထူးသံတမန်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရ်ှ နိုင်င့ခြားရေးဝန်ကြီး AH Mahmood Ali အပါအဝင် ဘင်္ဂလာဒေ့်ရှ် နိုင်ငံခြားရေးဌာန အရာရှိတွေနဲ့ ဘင်္ဂလားဒေ့်ရှိနိုင်ငံ ဒါကာမြို့က အစိုး၇ဧည်ဂေဟာမှာ ဒီကနေ့ ညနေပိုင်းက နှစ်နာရီ ကြာ တွေဆုံ ခဲ့ကြပါတယ်။

တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်လို့တော့ အသေးစိတ်ကို မသိရသေးပေမယ့် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာဖို့ မျှော်လင့်တဲ့အကြောင်း မြန်မာနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဦးကျော်မိုးထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့အဓိက ခုနကပြောသလို ၂ နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ရေးအတွက်ဘယ်လိုတွေဆောင်ရွက်ကြမလဲဆိုတဲ့ဟာ တွေကိုလည်း ထည့်သွင်းဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီလိုခရီးစဉ်တွေသွားရောက်ခြင်းကြောင့် ၂ နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ရှိနေတဲ့ အတိုင်းအတာထက်ကို ပိုပြီးတော့ ဘယ်လိုပြောမလဲ လေးလေးနက်နက် ပိုဆောင်ရွက်နိုင်လိမ့်မယ် လို့တော့ မျှော်လင့်ထားပါတယ်ခင်ဗျ။"

အခုဆွေးနွေးပွဲမှာတော့ နှစ်နိုင်ငံအကြား ဆက်ဆံရေးကိစ္စတွေထဲ နယ်စပ်က ဒုက္ခသည်တွေအရေးကိစ္စကို အလေးပေး ဆွေးနွေးမယ်လို့ အများက ယူဆထားကြပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေကြောင့် မွတ်ဆလင်ဒုက္ခသည်ထောင်နဲ့ချီ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဝင်ရောက်လာတယ်ဆိုပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက်က ဒီကိစ္စ မြန်မာနဲ့ ဆွေးနွေးမှု လုပ်လိုတာပါ။

အခုလပိုင်းအတွင်းမှာပဲ ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲကို မြန်မာဖက်က မွတ်ဆလင် ဒုက္ခသည် ၆သောင်းကျော် ဝင်ရောက်လာတယ်ဆိုပြီး ဘင်္ဂလားဒေ့ရ်ှအခြေစိုက် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံက လွှတ်လိုက်တဲ့ အခု အထူးသံတမန်အဖွဲ့ဟာ ဘင်္ဂလားဒေ့်ရ်ှနိုင်ငံမှာ သုံးရက်ကြာမှာဖြစ်ပြီး၊ ဒီကြားထဲ ဘင်္ဂလားဒေ့်ရ်ှ ဝန်ကြီးချုပ်နဲ့လည်း သီးခြားတွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG