သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ဗီယက်နမ် အမျိုးသမီးဘောလုံးခြေစစ်ပွဲ အကြိတ်အနယ်


AFC အာရှဖလားပွဲ မြန်မာအသင်း
AFC အာရှဖလားပွဲ မြန်မာအသင်း

၂၀၁၈ ခုနှစ် AFC အာရှဖလား အမျိုးသမီးဗိုလ်လုပွဲတက်နိုင်ဖို့ အုပ်စု D ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ Vietnam အသင်းတို့ ဒီကနေ့ April လ ၁၁ ရက်နေ့မှာ ကစားကြမှာဖြစ်ပါတယ်။

Vietnam နိုင်ငံ Hanoi မြို့တော်က Vietnam လူငယ်ဘောလုံးသင်တန်းကွင်း YFTC မှာ ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ ပွဲစမှာ ဖြစ်ပါတယ်။ အုပ်စု D ပွဲစဉ်တွေမှာ ဂိုးအများဆုံးသွင်းထားနိုင်တဲ့ Vietnam အသင်းအနေနဲ့ မြန်မာအသင်းနဲ့ သရေကျတာနဲ့ကို ဗိုလ်လုပွဲ တက်နိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် အုပ်စုဇယားမှာ Vietnam နဲ့ ၉ မှတ်ချင်းတူနေတဲ့ မြန်မာအသင်းကတော့ အနိုင်ရမှ ဗိုလ်လုပွဲတက်နိုင်မှာဖြစ်ပါတယ်။ မြန်မာနဲ့ Vietnam အမျိုးသမီး အသင်း ၂ ခုကြား ဒီကနေ့ပွဲဟာ ၄ နှစ်အတွင်း ၆ ကြိမ်မြောက်ကစားကြတဲ့ပွဲပါ။ ပြီးခဲ့တဲ့ပွဲတိုင်းမှာတော့ Vietnam အသင်းက မြန်မာအသင်းကို အနိုင်ရထားပါတယ်။

အခု AFC ခြေစစ်ပွဲတွေမှာ မြန်မာအသင်းက အရင်ကစားခဲ့တဲ့ ၃ ပွဲလုံး ပြိုင်ဘက်အသင်းတွေကို ဂိုးအသွင်းမခံဘဲ ဂိုးအပြတ်အသတ်နဲ့ အနိုင်ရထားတာ ဖြစ်ပါတယ်။ Vietnam အသင်းကလည်းအလားတူ ဂိုးရေအမြောက်အများနဲ့ အနိုင်ရထားပါတယ်။ မြန်မာအသင်းဟာ Vietnam အသင်းအတွက် ခက်ခက်ခဲခဲကစားရမယ့် အသင်းဖြစ်တယ်လို့ Vietnam အသင်းမန်နေဂျာ Mai Duc Chung ကပြောပါတယ်။ ကြံ့ခိုင်မှုပိုင်းမှာ မြန်မာအသင်းကသာပေမဲ့ Vietnam အသင်းက ကစာနည်းပိုင်းမှာ သာတယ်လို့ Vietnam အသင်းကစားသမား တယောက်ကလည်းပြောပါတယ်။

အီရန်နဲ့ Vietnam အသင်းကစားပွဲကို ပြန်သုံးသပ်ချက်အရ မြန်မာအသင်းအနေနဲ့ Vietnam ကိုနိုင်အောင် ဖိကစားနိုင်မယ့် နည်းလမ်းတွေ သိရှိခဲ့ရတယ်လို့ မြန်မာအသင်း နည်းပြက ပြောပါတယ်။ မြန်မာအသင်းမှာ အလယ်တန်းက မမေသူကျော် ဒဏ်ရာရထားသလို နောက်ထပ် ဒဏ်ရာရထားတဲ့ အသင်းခေါင်းဆောင် မခင်မာလာထွန်း ကစားလို့ ရမရဆိုတာကိုလည်း ဒီကနေ့ မနက်ပိုင်းကျမှသိရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG