သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှု တားဆီးဖို့ NATO စစ်သင်္ဘော စေလွှတ်


NATO စစ်သင်္ဘော။
NATO စစ်သင်္ဘော။

လူကုန်ကူးသူတွေကို တားဆီးနေတဲ့ တူရကီနဲ့ ဂရိနိုင်ငံတွေကို ကူညီဖို့ မြောက် အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO က စစ်သင်္ဘောတွေ Aegean ပင်လယ်ပြင်ကို ဦးတည် သွားနေပါပြီ။ ဒါဟာ ရွှေ့ပြောင်းဒုက္ခသည် အများအပြား လာရောက်မှုကို ရင်ဆိုင်နေရတဲ့ ဥရောပနိုင်ငံတွေနဲ့ မဟာမိတ်အဖြစ် ကူညီဖို့ ကြိုးစားချက် တရပ်ဖြစ် ပါတယ်။

တူရကီနဲ့ ဂရိကမ်းခြေစောင့်တပ်တွေကို ချက်ချင်း ကူညီဖို့ ဂျာမနီတပ်မှူးတွေရဲ့ စစ်သင်္ဘော ၃ စင်း ချထားလိုက်ကြောင်းနဲ့ အခု လောလောဆယ် မှာတော့ ရွှေ့ပြောင်း ဒုက္ခသည်တွေ တင်လာတဲ့ သင်္ဘောတွေကို ဝင်ဖမ်းဖို့ ဒီသင်္ဘောတွေ ကို အမိန့်တော့ မပေးသေးဘူးလို့ နေတိုး အတွင်းရေးမှူး ချုပ် Jens Stoltenberg က ကြာသပတေးနေ့မှာ ပြောပါတယ်။

အခုလို သင်္ဘောတွေ စေလွှတ်ဖို့ Brussels က ဌာနချုပ်မှာ နေတိုး ကာကွယ်ရေး ဝန်ကြီးတွေရဲ့ ၂ ရက်ကြာ အစည်းအဝေးအပြီး ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပြီး ဒါဟာ ဂျာမဏီ၊ တူရကီနဲ့ ဂရိနိုင်ငံတွေရဲ့ ပန်ကြားချက်ကို တုန့်ပြန်ဆောင်ရွက် တာ ဖြစ် ပါတယ်။ ဒီနှစ်ထဲမှာ ဥရောပကို နိုင်ငံရေး ခိုလှုံဖို့ လာရောက်တဲ့ ဒုက္ခသည်ပေါင်းက ၄ သန်းလောက် ရှိလာတာမို့ အရေးပေါ်ကိုင်တွယ်မှ ဖြစ်မယ်လို့ အနောက်နိုင်ငံ အစိုးရတွေခံယူလာ တဲ့အတွက် အခုလို NATO အဖွဲ့က လုပ်ဆောင်တာဖြစ်ပါတယ်။

ဆီးရီးယားစစ်ပွဲကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ သွားရောက်ဖို့ လုပ်နေတဲ့ ထိပ်ဆုံး နိုင်ငံဟာ ဂျာမနီဖြစ်ပြီး နောက် နေတိုးအဖွဲ့ဝင် တနိုင်ငံဖြစ်တဲ့ တူရကီမှာ လည်း လက်ခံထားရတဲ့ ဒုက္ခသည်က ၃ သန်းနီးပါး ဖြစ်လာတာမို့ ဝန်ပိလာနေတာပါ။

ဒုက္ခသည်တွေ အဆက်မပြတ် တိုးဝင်လာနေတာကို အကူညီပေးဖို့ တူရကီက ပန်ကြားခဲ့တာ ကြာနေပြီဖြစ်ပြီး ဒီကိစ္စကြောင့်ပဲ တခြား မဟာမိတ် နိုင်ငံတွေနဲ့ တူရကီတို့ကြား တင်းမာမှု တွေ မကြာမကြာ ဖြစ်ပွါးနေခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG