သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်ရှိသတ္တဝါ နေနိုင်မယ့် ဂြိုလ်သစ်တလုံး တွေ့ရှိ


သက်ရှိသတ္တဝါ နေနိုင်မယ့် ဂြိုလ်သစ်တလုံး တွေ့ရှိ
(NASA)
သက်ရှိသတ္တဝါ နေနိုင်မယ့် ဂြိုလ်သစ်တလုံး တွေ့ရှိ (NASA)

နိုင်ငံတကာ အာကာသ သိပ္ပံပညာရှင်အဖွဲ့တဖွဲ့ဟာ သက်ရှိသတ္တဝါတွေ နေထိုင်လို့ရမယ့် ဂြိုလ်တလုံးပါဝင်တဲ့ နေစကြဝဠာ သစ်တခုကို တွေ့ရှိခဲ့တယ်လို့ အဲဒီ သုတေသနအဖွဲ့ကို ဦးဆောင်ခဲ့သူ စပိန် အာကာသ ရူပဗေဒ ပညာရှင်တဦးက ကြာသပတေးနေ့မှာပြောပါတယ်။

အလင်းနှစ် ၃၁ နှစ်အကွာမှာရှိတဲ့ GJ 357d လို့ အမည်ပေးထားတဲ့ အေးမြတဲ့ကြယ်တလုံးကို ဂြိုလ်သစ် ၁ လုံးက လည်ပတ်နေတာကို တွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ Canary ကျွန်းစုမှာ အာကာသ ရူပဗေဒ သိပ္ပံပညာရှင်Rafael Luque က ပြောပါတယ်။ ဒီတွေ့ရှိမှုကို အမေရိကန်အာကာသ စူးစမ်းရေးဌာန NASA ကလည်း ပြောထားပါတယ်။

သူတို့ရဲ့ TESS အခေါ် ဂြိုလ်ရှာဖွေရေး ဂြိုလ်တုက အဲဒီတွေ့ရှိမှုကို အတည်ပြုတယ်လို့ ဆိုပါတယ်။ ဒီ ဂြိုလ် ၃ လုံးထဲမှာ အဝေးဆုံး ဂြိုလ်ကတော့ သက်ရှိသတ္တဝါတွေ နေနိုင်ဖွယ်အခြေအနေရှိပြီး ကျန်တဲ့ ၂ လုံးကတော့ ပူပြင်းလွန်းတယ်လို့ သိပ္ပံပညာရှင် တွေက ယူဆနေကြပါတယ်။

သက်ရှိတွေ နေထိုင်နိုင်တဲ့ လက္ခဏာတွေထဲမှာ ကျောက်သား မြေပြင်တည်ရှိမှုနဲ့ နေနဲ့အကွာအဝေးဟာ ကမ္ဘာနဲ့ နေအကွာအဝေး မှာရှိနေတာကြောင့် ရေရရှိနိုင်တဲ့ အပူချိန် ရရှိနိုင်မှုတို့ဟာ အဓိကကျတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG