သုံးရလွယ်ကူစေသည့် Link များ

ပြန်ပေးဆွဲခံ Chibok ကျောင်းသူတွေရဲ့ ဗွီဒီယို ထွက်ပေါ်


ပြန်ပေးဆွဲခံ Chibok ကျောင်းသူတွေရဲ့ မိဘဆွေမျိုးတွေ။
ပြန်ပေးဆွဲခံ Chibok ကျောင်းသူတွေရဲ့ မိဘဆွေမျိုးတွေ။

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းကနေ အစ္စလာမ် စစ်သွေးကြွတွေက ကျောင်းသူလေး ၂၀၀ ကျော်ကို ပြန်ပေးဆွဲ ဖမ်းဆီးသွားတာ နှစ်နှစ်ကြာပြီး တဲ့နောက် ပျောက်ဆုံးနေ တဲ့ မိန်းကလေးငယ်တွေကို လွန်ခဲ့တဲ့လေးလကမှ ရိုက်ယူထားတာလို့ဆိုတဲ့ ဗွီဒီယိုအသစ် တခု ထွက်လာတာကြောင့် မိဘတွေအနေနဲ့ သူတို့ကလေးတွေ အသက်ရှင်နေတုန်းပဲဆိုတဲ့ မျှော်လင့်ချက် ပြန်ပေါ်လာပါတယ်။

Chibok မြို့လေးမှာရှိတဲ့ ကျောင်းတကျောင်းကနေ ၂၀၁၄ ခုနှစ်မှာ ဘိုကို ဟာရမ်းမ် စစ်သွေးကြွတွေက ပြန်ပေးဆွဲသွားတဲ့ မိန်းကလေးငယ် ၂၁၉ ယောက်နဲ့ပတ်သက်ပြီး အခုချိန်ထိ ဘာသတင်းမှ မရသလောက်ပါပဲ။ အဲဒီဖြစ်ရပ်အပေါ် ကမ္ဘာတဝန်း ပြစ်တင် ရှုတ်ချကြပြီး နိုင်ဂျီးရီးယားမှာ ဆန္ဒပြပွဲတွေဖြစ်ခဲ့သလို မိန်းကလေးတွေကို ကူညီရှာဖွေပေးမယ်လို့ နိုင်ဂျီးရီးယားရဲ့ မဟာ မိတ်နိုင်ငံတွေက ကမ်းလှမ်းကြပါတယ်။

ဗုဒ္ဓဟူးနေ့ကမှထွက်လာတဲ့ ဗွီဒီယိုထဲမှာတော့ မိန်းကလေးငယ် ၁၅ ယောက်ပါပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကမှ ရိုက်ယူထားပုံ ရပါ တယ်။ ဒါဟာဖြင့် သူတို့ ပြန်ပေးဆွဲခံရပြီး သိပ်မကြာခင်မှာ ဘိုကို ဟာရမ်းမ်အဖွဲ့ရဲ့ ဝါဒဖြန့် ဗွီဒီယိုတခုထဲမှာ ပါခဲ့ပြီးကတည်းက ဆိုရင် အခုဗွီဒီယိုဟာ မိန်းကလေးငယ်တွေကို ပထမဆုံး ပြန်မြင်ရတာပါ။

ပြန်ပေးဆွဲထားရတဲ့ မိန်းကလေးတွေထဲက တဦးဖြစ်သူ Rifkatu Dalamg ရဲ့မိခင် Yana Galang က အဲဒါ ကျမတို့ ကလေးမ လေးတွေပါ ဟုတ်ပါတယ်လို့ ဗွီအိုအေကိုပြောပါတယ်။ ဗွီဒီယိုကို သူကြည့်ပြီးဖြစ်ပေမဲ့ အဲဒီထဲက ၁၅ ယောက်မှာ သူ့သမီးတော့ မပါဘူးလို့ ပြောပါတယ်။

ဗွီဒီယိုထဲမှာတော့ စစ်ဆေးသူ တယောက်က မိန်းကလေးငယ်တွေကို သူတို့ရဲ့နာမည်နဲ့ သူတို့ကို ဘယ်ကနေခေါ်လာတယ်ဆိုတာ မေးမြန်းနေတာကို မိန်းကလေးတွေက Hausa နဲ့ Kibaku ဘာသာစကားတွေ နဲ့ ပြန်ဖြေနေတာ တွေ့ရပါတယ်။

XS
SM
MD
LG