သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရဲ့ စည်းရုံးရေး လှုပ်ရှားမှု


ဂျွန်လ ၄ရက်နေ့က ကချင်ပြည်နယ်သို့ လာရောက်သော တရုတ် သံအမတ်ကို မြစ်ဆုံဆည်တည်ဆောက်ရန် ကြိုးပမ်းမှုများ ရပ်ဆိုင်းရန် တောင်းဆိုဆန္ဒပြနေသော မြစ်ကြီးနား ဒေသခံများ။ ဓါတ်ပုံ (EPA/MYITKYINA NEWS JOURNAL)
ဂျွန်လ ၄ရက်နေ့က ကချင်ပြည်နယ်သို့ လာရောက်သော တရုတ် သံအမတ်ကို မြစ်ဆုံဆည်တည်ဆောက်ရန် ကြိုးပမ်းမှုများ ရပ်ဆိုင်းရန် တောင်းဆိုဆန္ဒပြနေသော မြစ်ကြီးနား ဒေသခံများ။ ဓါတ်ပုံ (EPA/MYITKYINA NEWS JOURNAL)

ဇွန်လဆန်းပိုင်းက တရုတ်သံအမတ် ဟုန်လျန်နဲ့အဖွဲ့ ကချင်ပြည်နယ်ကို ချစ်ကြည်ရေးခရီးထွက်ကြပြီး မြစ်ဆုံဆည် စီမံကိန်းပြန်စနိုင်ရေးအတွက် စည်းရုံးရေး ဆင်းကြပါတယ်။ မြစ်ဆုံစီမံကိန်းကို ကချင်ပြည်နယ်အစိုးရက ရပ်ဆိုင်းတာမဟုတ်ဘဲ ပြည်သူ့ဆန္ဒအရ ပြည်ထောင်စုအစိုးရက ရပ်ဆိုင်းတာဖြစ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ်က ရှင်းပြပါတယ်။ တရုတ်ကုမ္ပဏီ လာဘ်ထိုးကောင်းမှုကြောင့် ဗိုလ်သန်းရွှေအစိုးရက ခွင့်ပြုခဲ့တဲ့ စီမံကိန်းကို ပြည်သူ့ဆန္ဒအရ ဦးသိန်းစိန်အစိုးရက ရပ်ဆိုင်းတာဖြစ်တဲ့အတွက် ပြည်သူက သဘောတူရင် ပြန်စနိုင်မယ့် သဘောရှိတယ်လို့ တရုတ်ဘက်က ယူဆပုံရပါတယ်။

တရုတ်ရဲ့ စည်းရုံးရေး လှုပ်ရှားမှု
please wait

No media source currently available

0:00 0:04:49 0:00
တိုက်ရိုက် လင့်ခ်

ဇွန်လ (၈) ရက်နေ့ရောက်တော့ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ဖောင်ဒေးရှင်းကို တည်ထောင်ပါတယ်။ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ဖို့ အဓိက ရည်ရွယ်ပါတယ်။ မြန်မာ့အသက်မွေးဝမ်းကျောင်း ပညာကို ကူညီရေး၊ တရုတ်-မြန်မာ ပညာသင်ကျောင်း ကွန်ရက်ဖွဲ့စည်းရေး (၂) နိုင်ငံ လူငယ်များ နားလည်မှု ရရှိရေး၊ အခမဲ့မျက်စိ ကုသပေးရေး၊ ဆေးရုံနှစ်ရုံ တည်ဆောက်ရေး စတာတွေဟာ ဆွေမျိုးပေါက်ဖော်အဖွဲ့ရဲ့ လတ်တလော ဦးတည်ချက်တွေ ဖြစ်ပါတယ်။ ဇွန်လ (၁၁) ရက်နေ့ရောက်တော့ တရုတ်-မြန်မာ မော်တော်ယာဉ်တန်းရဲ့ ခရီးစဉ်ကို တရုတ်သံရုံးက ကြေညာပါတယ်။

လာမယ့် အောက်တိုဘာလမှာ မြန်မာပြည်ထဲ စတင်ဝင်ရောက်မယ့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး မော်တော်ယာဉ်တန်း ခရီးစဉ်အတွင်းမှာ အခမဲ့ဆေးကုသမှု၊ ဆင်းရဲနွမ်းပါးတဲ့ ဒေသကို လှုဒါန်းမှု၊ စာသင်ကျောင်း ဆောက်လုပ်ပေးမှု၊ ဘုန်းကြီးသင် ပရဟိတ မိဘမဲ့ကျောင်းနဲ့ ဆင်းရဲနွမ်းပါးတဲ့ကျောင်းတွေကို ကူညီထောက်ပံ့မှု စတာတွေ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ အားကစားပြိုင်ပွဲတွေဖြစ်တဲ့ လက်ဝှေ့ပွဲ၊ ဘောလုံးပွဲ၊ ဘောလီဘောပွဲတွေအပြင် ချစ်ကြည်ရေးပဒေသာကပွဲ နဲ့ ပန်းချီပွဲတွေကို ကျင်းပဖို့လည်း စီစဉ်ထားကြောင်း သိရှိရပါတယ်။ အနှစ် (၂၀) ကျော် စစ်အစိုးရကို အကြိုက်ပေးပြီး သယံဇာတ ထုတ်ယူဖို့သာ အာရုံစိုက်ခဲ့တဲ့ တရုတ်ဟာ NLD အစိုးရလက်ထက်မှာ ပြည်သူလူထုကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားလာပါတယ်။ ပြည်သူ့အကျိုး သယ်ပိုးတဲ့ ဆွေမျိုးပေါက်ဖော်အဖြစ် မြင်လာအောင် ကြိုးစားနေပုံရပါတယ်။

ဇွန်လ (၁၈) ရက်နေ့မှာ စွမ်းအင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ဖို့ တရုတ်ပြည်သွားမယ့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကို လေဆိပ်လိုက်ပို့ရင်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ ကူညီမယ့် အစီအစဉ်တွေကို တရုတ်သံမှူး မစ္စတာရှဲ့ကောရှန်း က ရှင်းပြကြောင်း (၂၅) ရက်နေ့ထုတ် ရှင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ မြန်မာပြည်ဟာ အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တာမို့ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ဖို့အတွက် တရုတ်က ကူညီပံ့ပိုးမယ်လို့ ဆိုပါတယ်။ လက်ရှိ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် လူစွမ်းအားမြှင့်တင်ရေး မွမ်းမံသင်တန်းတွေ ပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းသားဦးရေမှာ မြန်မာ့အတွက် အထူးဦးစားပေးမယ်လို့ ဆိုပါတယ်။ (၂၀၁၅) မှာ မြန်မာအစိုးရဝန်ထမ်း (၇၀၆) ဦး တရုတ်ပြည်မှာ မွမ်းမံသင်တန်းတက်ခဲ့ပြီး ဒီနှစ် ဧပြီက ဇွန်လအထိ (၂၄၆) ဦး သင်တန်းတက်ကြောင်း သိရပါတယ်။

တချိန်တည်းမှာပဲ ယူနန်-မြန်မာနယ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် ပြင်းထန်လာဖို့လည်း ကြိုးစားနေတာတွေ့ရပါတယ်။ အာဆီယံ နဲ့ အိန္ဒိယ သမုဒ္ဒရာနိုင်ငံတွေနဲ့ ကုန်သည်ဖို့အတွက် ယူနန်နယ်စပ်မှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန်တွေ တည်ဆောက်ပုံကို ဟောင်ကောင် ကုန်သွယ်ရေး နဲ့ ဖွံ့ဖြိုးရေးကောင်စီ စီးပွားရေးပညာရှင် Billy Wong က လွန်ခဲ့တဲ့လက စာတမ်းထုတ်ထားပါတယ်။ ယူနန်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး မဟာစီမံကိန်း ဖြစ်ပါတယ်။ တရုတ်ပြည် ကမ်းရိုးတန်းဒေသထုတ် အထည်အလိပ်နဲ့ အိမ်သုံးပစ္စည်းကို ယူနန်ကနေ အာဆီယံနိုင်ငံတွေကို တင်ပို့နေတာ ဖြစ်ပါတယ်။ ၂၀၁၄ စာရင်းအရ ယူနန်ရဲ့ နိုင်ငံခြားကုန်သွယ်ရေးမှာ အာဆီယံနိုင်ငံတွေနဲ့ ကုန်သွယ်တဲ့ ပမာဏ က (၅၀) ရာခိုင်နှုန်းရှိပြီး မြန်မာနဲ့ ကုန်သွယ်တာဟာ အများဆုံး ဖြစ်ပါတယ်။

ယူနန်-မြန်မာ ကုန်သွယ်ရေးမှာ ရွှေလီ-မူဆယ်လမ်းက (၆၀) ရာခိုင်နှုန်း ယူထားပါတယ်။ ထူခြားမှုကတော့ တရုတ်ကမ်းရိုးတန်းဒေသက ကုမ္ပဏီတွေ ရွှေလီမှာ ကုန်ထုတ်လုပ်ငန်း တည်ထောင်လာတာ ဖြစ်ပါတယ်။ ရွှေလီမှာ မြန်မာအလုပ်သမားတဦးဟာ ယွမ် (၁) ထောင် (ဒေါ်လာ ၁၅၀) လောက် လခ ရတာမို့ မြန်မာ (၅) သောင်းကျော် အလုပ်လုပ်နေကြောင်း သိရပါတယ်။ ကျောက်မျက် ကျောက်စိမ်း၊ သစ်၊ ရာဘာ နဲ့ ပတ်သက်တဲ့ ကုန်ထုတ်လုပ်ငန်းတွေ ရွှေလီမှာ တိုးပွားနေပါတယ်။ ဘေဂျင်း မော်တော်ကားလုပ်ငန်းဟာ တရုတ်ပြည် အနယ်နယ်အရပ်ရပ်က ပေးပို့တဲ့ ကားပစ္စည်း အစိတ်အပိုင်းတွေကို ရွှေလီစက်ရုံမှာ တတ်ဆင်ပြီး မော်တော်ကား ထုတ်လုပ်နေပါတယ်။

ရွှေလီ၊ ဂျယ်ဂေါင်၊ မူဆယ် နယ်စပ် စီးပွားရေးဇုန်ဟာ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အခြေခံနယ်မြေဖြစ်ဖို့ တရုတ်က လိုလားပါတယ်။ မြန်မာရဲ့ (၂၀၁၄) ပြည်တွင်း အသားတင် ထုတ်လုပ်မှုဟာ ဒေါ်လာသန်း (၆၆၀၀၀) ဖြစ်ပြီး၊ ယူနန်ရဲ့ ထုတ်လုပ်မှုဟာ ဒေါ်လာသန်းပေါင်း (၁) သန်း (၃) သိန်း ဖြစ်တဲ့အတွက် မြန်မာထုတ်လုပ်မှုထက် အဆပေါင်း (၂၀) လောက် ပိုများနေပါတယ်။ တရုတ်အစိုးရရဲ့ ပိုးလမ်းမ စီးပွားရေးလမ်းကြောင်းမှာ ယူနန်ဟာ အချက်အချာ ကူရုံတင်မကဘဲ မြန်မာ့ကုန်ကြမ်းကို ကုန်ချောဖြစ်အောင် လုပ်တဲ့နေရာလည်း ဖြစ်နေပါတယ်။

XS
SM
MD
LG