သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိခင်များနေ့အကြို ကန်သမ္မတမိန့်ခွန်း သမ္မတကတော်ပြောကြား


အမေရိကန်သမ္မတကတော် မီရှဲလ်အိုဘားမား။
အမေရိကန်သမ္မတကတော် မီရှဲလ်အိုဘားမား။
နိုင်ဂျီးရီးယားနိုင်ငံမှာ ကျောင်းသူလေးတွေကို ပြန်ပေးဆွဲတာဟာ ယောင်္ကျားရင့်မကြီးတွေက မိန်းမငယ်လေးတွေ အညွန့်ချိုးဖို့ ကြိုးစားတာပဲဖြစ်တယ်လို့ အမေရိကန်သမ္မတကတော် Michelle Obama က ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ မိခင်တွေကို ဂုဏ်ပြုသတ်မှတ်ထားတဲ့ မိခင်များနေ့ မရောက်ခင် တရက်လိုမှာပဲ အမေရိကန်သမ္မတကတော် Michelle Obamaက သမ္မတ ကိုယ်စား သမ္မတအပတ်စဉ်မိန့်ခွန်းကို ဒီကနေ့ပြောကြားတာ ဖြစ်ပါတယ်။ ဒီလို Nigeria ကျောင်းသူလေးတွေ ပြန်ပေးဆွဲခံရတာနဲ့ပတ်သတ်ပြီး သူနဲ့သူ့ခင်ပွန်းတို့ အထူးဒေါသထွက်ပြီး ရင်ထဲမှာ နာကျင်ခံစားရတယ်လို့ Mrs. Obama က ပြောပါတယ်။

သူနဲ့သူ့ခင်ပွန်းဟာ ဒီမိန်းခလေးတွေကိုကြည့်ရင် ကိုယ့်သမီးလေး၂ ယောက်ကို ပြန်မြင်ယောင်တယ်ဆိုပြီး သူတို့သမီး ၂ ယောက်ဖြစ်တဲ့ ၁၂ နှစ်အရွယ် Malia နဲ့ ၁၅ နှစ် Sasha အရွယ်တို့ကို ရည်ညွှန်းပြီး .. ကလေးမလေးတွေရဲ့ မျှော်လင့်ချက်တွေ၊ သူတို့ရဲ့ အိပ်မက်တွေကို တွေးကြည့်နိုင်လို့ မိဘတွေ ဘယ်လောက်တောင် ဒေါသထွက်နေကြမလဲဆိုတာ ကိုယ်ချင်းစာနိုင်ပါတယ်လို့ သမ္မတကတော်က ပြောသွားပါတယ်။

Boko Haram စစ်သွေးကြွအဖွဲ့က လွန်ခဲ့တဲ့တလလောက်ကတည်းက ပြန်ပေးဆွဲသွားတဲ့ ကျောင်းသူလေးတွေကို နိုင်ဂျီးရီးယားအစိုးရက မကယ်တင်ပေးနိုင်လို့ နိုင်ငံတကာက ဒေါသထွက်နေကြတာပါ။
နိုင်ဂျီးရီးယားအစိုးရရဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဖို့
အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေကနေ နည်းပညာကျွမ်းကျင် အကြံပေးတွေ စေလွှတ်ထားပါတယ်။

Boko Haram အဖွဲ့ခေါင်းဆောင်ကတော့ အဲဒီမိန်းခလေးတွေကို ရောင်းစားဖို့ရည်ရွယ်ထားတယ်လို့ ပြောပါတယ်ရှင်။
XS
SM
MD
LG