သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ပြောင်းလဲချိန် တန်ပြီ” ဆောင်ပုဒ် လက်တွေ့အကောင်အထည်ဖော်နေရဲ့လား


ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ကာလအတွင်း ရခိုင်ပြည်နယ်၊ တောင်ကုန်မြို့တွက် ဟောပြော စည်းရုံးနေ သည့် ဒေါ်အောင်ဆန်းစုကြည်။ အောက်တိုဘာ ၁၆၊ ၂၀၁၅
ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ကာလအတွင်း ရခိုင်ပြည်နယ်၊ တောင်ကုန်မြို့တွက် ဟောပြော စည်းရုံးနေ သည့် ဒေါ်အောင်ဆန်းစုကြည်။ အောက်တိုဘာ ၁၆၊ ၂၀၁၅

လက်ရှိအစိုးရအဖွဲ့ထဲက သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်တဲ့ ဒုဝန်ကြီးတဦးကို အရင် စစ်အစိုးရအဆက်ဆက် လုပ်ပုံအတိုင်း တာဝန်က ရပ်စဲလိုက်ပါတယ်။

ဒါဟာ လူအများ ငတ်မွတ် တောင့်တခဲ့တဲ့ တကယ့်အပြောင်းအလဲ ကို ဖော်ဆောင် သင့်တဲ့ နည်းလမ်းအမှန်ဖြစ်တယ်လို့ ယူဆပါသလား၊ “ပြောင်းလဲချိန် တန်ပြီ” ဆိုတဲ့ဆောင်ပုဒ်နဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဝင်ပြီး အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွ့ဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရဟာ ဒီမိုကရေစီ အပြောင်းအလဲတွေကို တကယ်ပဲ နည်းမှန် လမ်းမှန်နဲ့ ဖော်ဆောင်နေတယ်လို့ မြင်ကြပါသလားဆိုတာ ပင်တိုင်ဆွေးနွေးသူတွေဖြစ်တဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်ခဲ့သူ ဒေါက်တာတင့်ဆွေ၊ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းတို့နဲ့အတူ သောတရှင်တွေ ပါဝင် ဆွေးနွေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG