သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရ


တရားလွှတ်တော်ရှေ့နေ ဦးကိုနီ
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေးလည်းဖြစ် ရှေ့နေ့ကွန်ယက်ရဲ့ ဦးဆောင်သူတဦးလည်းဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဒီကနေ့ ညနေပိုင်းက ရန်ကုန်လေဆိပ်မှာ သေနက်နဲ့ လုပ်ကြံပစ်ခံရလို့ သေဆုံးသွားပြီလို့သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကအပြန် ရန်ကုန်လေဆိပ်မှာ ပစ်ခတ်ခံရတာလို့ အခင်းဖြစ်ပွားရာနေရာမှာ ကိုယ်တိုင်ရောက်ရှိနေတဲ့ ဦးကိုနီရဲ့ တပည့်တဦးဖြစ်တဲ့ ကိုစန်းနိုင်က ဗွီအိုအေ ကို အတည်ပြု ပြောပါတယ်။

“ဆရာလေဆိပ်မှာ ဆုံးသွားပြီခင်ဗျ။ အခု ကျနော်တို့ကတော့ အခုရောက်လာတော့ အလောင်းကတော့ လေဆိပ်မှာပဲရှိသေးတယ် ဆရာတော့မှာ ဆုံးသွားပြီခင်ဗျ။ နားထင်ကိုအပစ်ခံရတယ်လို့ပြောတယ်။

မေး။ ။ ဘယ်လိုပစ်တာလဲ။

ဖြေ။ ။ အဲဒါတော့ စုံစမ်းဆဲပဲအကို

မေး။ ။ ဘယ်နေရာမှာ ပစ်တာလဲ။

ဖြေ။ ။ လေဆိပ်အထွက်မှာ Terminal 1 အထွက်မှာ ကားစီးဖို့စောင့်နေတဲ့အချိန် ပစ်တာ။

မေး။ ။ သူဘယ်က ပြန်လာတာလဲခင်ဗျ။

ဖြေ။ ။ သူက အင်ဒိုနီးရှားကနေပြန်လာတာလေ။”

လုပ်ကြံသူကိုလည်း ဖမ်းဆီးမိထားပြီလို့ သိရပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ နဲ့ အတူ အင်ဒိုနီးရှား ခရီးစဉ်မှာပါသွားတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမြအေးကတော့ သူ့ထက်စောပြီး လေဆိပ်က ထွက်လာတာကြောင့် အဖြစ်အပျက်အသေးစိတ်ကိုတော့ မမြင်တွေ့လိုက်ရပါဘူး။ ဒါပေမယ့် ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်ဆိုတာကို အတည်ပြုပါတယ်။

XS
SM
MD
LG