သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ရူပဗေဒပညာရှင် ၃ ဦး နိုဘယ်လ်ဆု ရရှိ


၂၀၁၆ ခုနှစ်အတွက် ရူပဗေဒ ဆိုင်ရာ နိုဘယ်လ်ဆုကို အမေရိကန် ရူပဗေဒပညာရှင် ၃ ဦးရရှိ
၂၀၁၆ ခုနှစ်အတွက် ရူပဗေဒ ဆိုင်ရာ နိုဘယ်လ်ဆုကို အမေရိကန် ရူပဗေဒပညာရှင် ၃ ဦးရရှိ

၂၀၁၆ ခုနှစ်အတွက် ရူပဗေဒ ဆိုင်ရာ နိုဘယ်လ်ဆုကို အမေရိကန်ပြည်ထောင်စု တက္ကသိုလ် သုံးခုက ပါမောက္ခတွေ ရရှိသွားကြတဲ့အကြောင်းကို နိုဘယ်လ်ဆု အကဲဖြတ်အဖွဲ့က အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။

သူတို့ရဲ့ ရူပဗေဒ သုတေသနလုပ်ငန်း ကနေ ဒြပ်ဝတ္တုတွေရဲ့ သဘောသဘာဝနဲ့ ထူးဆန်းတဲ့ အခြေအနေ သစ်တွေကို ရှာဖွေတွေ့ရှိခဲ့တဲ့ အတွက် နိုဘယ်လ်ဆု ရရှိခဲ့တာပါ။ ဗြိတိန်နိုင်ငံသား သိပ္ပံပညာရှင် သုံးဦးဖြစ်တဲ့ David J. Thouless, F. Duncan Haldane နဲ့ J. Michael Kosterlitz တို့ဟာ ဒြပ်ဝတ္တု အစိုင်အခဲတွေနဲ့ ပတ်သက်ပြီး မမျှော်လင့်တဲ့ နားလည်မှု အသစ်တွေကို ရရှိခဲ့တာပါ။

ဒီသိပ္ပံပညာရှင်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင် ဖန်တီးထားတဲ့ ဂဏန်းသင်္ချာ ညီမျှခြင်းနည်းတွေနဲ့ ဒီဒြပ်ဝတ္တုတွေရဲ့ အပြုအမူဂုဏ်သတ္တိအသစ်တွေကို ရှင်းပြခဲ့တာပါ။ မစ္စတာ သောလဲ့စ် ဟာ ဝါရှင်တန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခတစ်ဦးဖြစ်ပြီး၊ မစ္စတာ ဟောလ်ဒီးန် ကတော့ Princeton တက္ကသိုလ်က ရူပဗေဒ ပါမောက္ခဖြစ်ပါတယ်။ မစ္စတာ ခေါ့စတိုလစ်စ် ကတော့ Brown တက္ကသိုလ်က ရူပဗေဒ ပါမောက္ခဖြစ်ပါတယ်။

အမေရိကန် ရူပဗေဒပညာရှင် ၃ ဦး နိုဘယ်လ်ဆု ရရှိ
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG