သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအစိုးရအရာရှိ ၇ ဦးအပေါ် ကန် ဒဏ်ခတ်မှုချမှတ်


မြောက်ကိုရီးယားရဲ့ စိုးရိမ်စရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆင်ဆာပိတ်ဆို့မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်ဆိုပြီး မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un’s ရဲ့ ညီမတော်စပ်သူ အပါအဝင် မြောက်ကိုရီးယားအရာရှိ ၇ ယောက်အပေါ် အမေရိကန်ပြည်ထောင်စုက အရေးယူဒဏ်ခတ်မှုတွေ ချမှတ်လိုက်ပါတယ်။

မြောက်ကိုရီးယားအစိုးရဌာန ၂ ခုဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ နိုင်ငံတော် စီမံကိန်းရေးဆွဲရေး ကော်မရှင် တို့ကိုလည်း ဗုဒ္ဓဟူးနေ့က အရေးယူဒဏ်ခတ်ခဲ့တာပါ။

ပိတ်ဆို့ဒဏ်ခတ်မှုအသစ်အရ၊ အရေးယူခံရသူတွေရဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ပိုင်ဆိုင်မှုနဲ့ အကျိုးစီးပွားတွေကို ထိန်းချုပ်ခံရမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေအနေနဲ့လည်း အခုဒဏ်ခတ်လိုက်တဲ့ မြောက်ကိုရီးယားအရာရှိ ၇ ယောက်အပြင် မြောက်ကိုရီးယား အစိုးရဌာနတွေနဲ့လည်း စီးပွားရေး လုပ်ကိုင်ခွင့်ရှိမှာ မဟုတ်ပါဘူး။

မြောက်ကိုရီးယားနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ကမ္ဘာမှာ အဆိုးရွားဆုံးတွေထဲ ဆက်ရှိနေဆဲဖြစ်ပြီး - မြောက်ကိုရီးယား အစိုးရဟာလည်း ဥပဒေမဲ့သတ်ဖြတ်မှုတွေ၊ လက်စဖျောက်ခံရမှုတွေ၊ မတရား ဖမ်းဆီးထိန်းသိမ်းမှုတွေ၊ အဓမ္မအလုပ်ခိုင်းစေမမှုတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mark Toner က ပြောဆိုခဲ့ပါတယ်။

ကလေးတွေအပါအဝင် မြောက်ကိုရီးယားအကျဉ်းစခန်းတွေမှာ ဖမ်းဆီးခံထားရသူ ၁ သိန်း ၂ သောင်းထက်မနည်းရှိတယ်လို့လည်း ဆိုပါတယ်။ ဆင်ဆာတည်းဖြတ်ပိတ်ပင်မှုနဲ့ သတင်းအချက်အလက်တွေကို ထိန်းချုပ်မှုတွေဟာလည်း အကြီးအကျယ် ဖြစ်ပွားနေတယ်လို့ ပြောဆိုခဲ့တာပါ။

အခု ဒဏ်ခတ်အရေးယူခံရသူတွေထဲမှာ - မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un’s ညီမ Kim Yo Jong နဲ့ သတင်းမီဒီယာ ဆင်ဆာဖြတ်တောက်မှုတွေကို အဓိကလုပ်ဆောင်ရတဲ့ မြောက်ကိုရီးယားရဲ့ ဝါဒဖြန့်ချီရေးဌာန လက်ထောက် အကြီးအကဲနဲ့ ညှဉ်းပန်းနှိပ်စက်မှု၊ ရိုက်နှက်မှုတွေ၊ ဆာလောင်ငတ်မွတ်အောင်လုပ်မှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုနဲ့ အကျဉ်းစခန်းတွေမှာ ကလေးငယ်တွေကို သတ်ဖြတ်မှု တွေကို လုပ်ဆောင်တယ်လို့ စွပ်စွဲခံထားရတဲ့ မြောက်ကိုရီးယား လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး Kim Won Hong တို့ ပါဝင်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG