သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီယားခေါင်ဆောင် နှစ်သစ်မိန့်ခွန်း ရန်စမှုဟု တောင်ကိုရီယားယူဆ


မြောက်ကိုရီးယားဟာ နျူကလီးယားဆိုင်ရာ ရန်စ ခြိမ်းခြောက်တာကို ဆက်လုပ်သွားဖို့ ဆုံးဖြတ်ထားတယ်ဆိုတာ မြောက်ကိုရီး ယားခေါင်းဆောင် Kim Jong Un ရဲ့ နှစ်သစ်မိန့်ခွန်းက ပြနေတယ်လို့ တောင်ကိုရီးယားက ဒီကနေ့ပြောပါတယ်။

“Kim Jong Un မနေ့ကပြောတဲ့ နှစ်သစ်မိန့်ခွန်းတခုလုံးကို ခြုံကြည့်ရင် ဘယ်လို အမြင်သစ်မျိုးမှ မပါပါဘူး။ နျူကလီးယား လက်နက်နဲ့ ပတ်သက်တာဆိုရင် နျူကလီးယားပိုင်တဲ့ နိုင်ငံတခုအဖြစ် အခိုင်အမာတည်ဆောက်သွားဖို့၊ တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည် ICBM တည်ဆောက်တာကို အဆုံးသတ်အဆင့် ဆက်လုပ်သွားဖို့နဲ့ ကြိုတင် လက်ဦးမှုယူ တိုက်ခိုက်ဖို့ ဆုံးဖြတ်ထား တယ်ဆိုတာ Kim Jong Un က ထပ်ပြောသွားတာပါပဲ။” လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဆိုင်ရာဌာန ပြောခွင့်ရ Jeong Joon-hee က ဒီကနေ့ ဆိုးလ်မြို့တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောပါတယ်။

နှစ်သစ်မှာ ICBM ဒုံးကျည်စမ်းသပ်မှု လုပ်သွားနိုင်ခြေရှိတယ်ဆိုတာ Kim Jong Un က တနင်္ဂနွေနေ့မိန့်ခွန်းထဲမှာ အရိပ်အမြွက် ထည့်ပြောသွားပါတယ်။ မြောက်ကိုရီးယားရဲ့အဆိုအားဖြင့် ပထမဆုံး ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်မှုကို ပြီးခဲ့တဲ့နှစ်က လုပ်ခဲ့ပြီးတဲ့ နောက် ICBM ဒုံးကျည် စမ်းသပ်ဖို့ ပြင်ဆင်နေတာတွေဟာ နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ နှစ်စဉ်ပြောနေကျ နှစ်သစ် မိန့်ခွန်းထဲမှာ Kim Jong Un က ထည့်ပြောသွားတာပါ။ ဒီ ICBM စမ်းသပ်ပစ်လွှတ်တာဟာ အောင်မြင်မယ်ဆိုရင် မြောက်ကို ရီးယားအတွက် အဓိကတိုးတက်မှု ကြီးတခု ဖြစ်သွားမှာပါ။ ဒါပေမဲ့လည်း တကယ်တမ်း စမ်းသပ်ပစ်လွှတ်မယ်ဆိုတာမျိုးတော့ Kim က အတိအကျပြောမသွားပါဘူး။ လာမယ့်ဇန်နဝါရီလ ၈ ရက်နေ့ဟာ သူ့ရဲ့မွေးနေ့ဖြစ်ပြီး မနှစ်က ဇန်နဝါရီလ ၆ ရက်နေ့မှာ နျူကလီးယားစမ်းသပ်မှုတခု လုပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG