သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားစစ်မဲ့ဇုံမှာ မြောက်ကိုရီးယား မိုင်းထောင်


Panmunjom ငြိမ်းချမ်းရေး ရွာ အနီးတွေ့ရတဲ့ မြောက်ကိုရီးယား စစ်သားများ
Panmunjom ငြိမ်းချမ်းရေး ရွာ အနီးတွေ့ရတဲ့ မြောက်ကိုရီးယား စစ်သားများ

လုံခြုံရေး ထူထူထပ်ထပ်ချထားတဲ့ တောင်ကိုရီးယားနဲ့ နယ်စပ်ဒေသမှာ မြောက်ကိုရီးယားက မြေမြှုပ်မိုင်းအသစ်တွေ ထပ်ချနေတယ်လို့ ကုလသမဂ္ဂ ကွပ်ကဲရေးရုံးက ပြောဆိုလိုက်ပါတယ်။

၂ နိုင်ငံကြားမှာရှိတဲ့ Panmunjom ငြိမ်းချမ်းရေးရွာအနီး မြစ်ပေါ်က ပြန်လမ်းမရှိ တံတားလို့ အမည်ပေးထားတဲ့ တံတားနားက မြောက်ကိုရီးယား ဘက်ခြမ်းမှာ မြောက်ကိုရီးယား စစ်သားတွေ မိုင်းမြှုပ်နေတာ တွေ့ခဲ့ကြတာပါ။ ၁၉၅၀ ပြည့်နှစ်ကနေ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲ အဆုံးသတ်ခဲ့တဲ့ စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို စောင့်ကြည့် အကဲခတ်နေတဲ့ ကုလသမဂ္ဂ ကွပ်ကဲရေးဌာနကတော့ မြေမြှုပ်မိုင်းတွေဟာ စစ်မဲ့ဇုံဒေသမှာ ရှိနေကြတဲ့ ၂ နိုင်ငံ လူထုအတွက် အကြီးအကျယ် အန္တရာယ်ဖြစ်စေတယ်ဆိုပြီး ဒီကနေ့ပဲ ကြေညာတစောင် ထုတ်ပြန်ရှုတ်ချလိုက်ပါတယ်။

မြောက်ကိုရီးယားဟာ ၂ နိုင်ငံကြားက စစ်မဲ့ဇုံဒေသမှာ မြေမြှုပ်မိုင်းတွေ ချထားတဲ့အတွက် ပြစ်တင်ဝေဖန်ခံနေရပြီး၊ ပြီးခဲ့တဲ့နှစ်ထဲမှာတုန်းကလည်း နယ်စပ်မှာ ကင်းလှည့်နေတဲ့ တောင်ကိုရီးယား စစ်သား ၂ ဦးဟာ မြေမြှုပ်မိုင်း နင်းမိပြီး ထိခိုက်ဒဏ်ရာတွေ ရခဲ့တာပါ။ မြောက်ကိုရီးယားက မြေမြှုပ်မိုင်းတွေ ထပ်ချနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် ဦးဆောင်တဲ့ ကွပ်ကဲရေးဌာနက တစုံတရာ ခန့်မှန်းပြောဆိုတာမျိုး မရှိပေမဲ့၊ တောင်ကိုရီးယားနိုင်ငံက Yonhap သတင်းဌာနကတော့ မြေမြှုပ်မိုင်းတွေဟာ ရှေ့တန်းကစစ်သားတွေ ဘက်ပြောင်းခိုလှုံတာတွေ မလုပ်နိုင်အောင် ဟန့်တားဖို့ ရည်ရွယ်တဲ့အကြောင်း အစိုးရနဲ့နီးစပ်သူ အသိုင်းအဝိုင်းကို ကိုးကားပြောဆိုခဲ့ပါတယ်။

နျူကလီးယား လက်နက်တွေနဲ့ ပဲ့ထိန်းတပ်ဒုံးတွေ ဆက်တိုက်ဆိုသလို စမ်းသပ်ခဲ့တဲ့အတွက် မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက နောက်ထပ် ပြင်းထန်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တာကြောင့်၊ မကြာသေးခင် လတွေကစလို့ ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG