သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နှင့် ကျူးဘား သံတမန် ဆက်ဆံရေး ပုံမှန်ထားဖို့ သဘောတူ


ကျူးဘား အမေရိကန် အလံ။
ကျူးဘား အမေရိကန် အလံ။

အမေရိကန်နဲ့ ကျူးဘားကြား သံတမန်ဆက်ဆံရေးပြန်လည်ထားရှိဖို့နဲ့ ဒီလနှောင်းပိုင်း ဝါရှင်တန်နဲ့ ဟာဗားနားမြို့တော်တို့မှာ သံရုံးတွေပြန်လည် ဖွင့်လှစ်ဖို့ အစီအစဉ်ကို နှစ်နိုင်ငံတို့ သဘောတူညီခဲ့ကြတယ်လို့ အမေရိကန်သမ္မတ ဘရက် အိုဘားမားက ဗုဒ္ဓဟူးနေ့ကပြောပါတယ်။ ဒါဟာ နှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာ ရန်လိုမုန်းထားမှုကို အဆုံးသတ်တဲ့ လတ်တလော ကျ တဲ့ အရေးယူဆောင်ရွက်မှုလဲဖြစ်ပါတယ်။

နှစ် (၅၀)ကျော်ကြာအတွင်း ပထမဆုံးဖွင့်လှစ်မယ့် အမေရိကန်သံရုံးမှာ အမေရိကန်အလံ လွှင့်ထူဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ဒီနွေမှာ သွားရောက်မှာဖြစ်တယ်လို့ သမ္မတအိုဘားမားကပြောပါတယ်။
ကျူဘား အာဏာရှင် Fidel Castro တော်လှန်ရေး အပြီး ဖြတ်တောက်ခဲ့တဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ပြန်လည်ထားရှိဖို့ အဟန့် အတားဖြစ်နေတဲ့ကိစ္စရပ်တွေအနက် အမေရိကန်ရဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုနဲ့ ကျူးဘားရဲ့ လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှု မှတ်တမ်းမှတ်ရာတွေပဲဖြစ်ပါတယ်။

ဒီဇင်ဘာလက နှစ်နိုင်ငံသံတမန်ဆက်ဆံရေးပြန်လည်ထားရှိဖို့ သမ္မတအိုဘားမားနဲ့ သမ္မတ Raul Castro တို့ကြေညာခဲ့ပြီး နောက်ပိုင်း ဒါဟာ တရားဝင်သံတမန် ဆက်ဆံရေးပြန်လည်ထားရှိဖို့ နောက်ဆုံးအရေးယူဆောင်ရွက်လိုက်တဲ့ ခြေလှမ်းတရပ်လည်းဖြစ်ပါတယ်။ ခေါင်းဆောင်ကြီးနှစ်ဦးတို့ဟာ ပနားမာမှာ ဧပြီလက ကျင်းပခဲ့တဲ့ အမေရိကတိုက်နိုင်ငံများ ဆိုင်ရာ ထိပ်သီးညီလာခံမှာ မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

အခုလိုကျူးဘားနဲ့အမေရိကန် တို့အနေနဲ့ သက်ဆိုင်ရာမြို့တော်တွေမှာ သံရုံးတွေပြန်လည် ဖွင့်လှစ်မယ်ဆိုတဲ့ကြေညာချက်ကို နယူးရောက်ရှိ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။ ကျူးဘားအပေါ် ဒဏ်ခတ်မှုရုပ်သိမ်းရေး အတွက် သမ္မတအိုဘားမားအနေနဲ့ ရီပါပလင်ကန်နဲ့ ဒီမိုကရက် တချို့တို့ ထံက ပြင်းထန်တဲ့ ကန့်ကွက်မှုတွေရင်ဆိုင်နေရပါတယ်။ စိုးရိမ်စရာကောင်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေတဲ့ အစိုးရကို သမ္မတက အချိန်မတန်သေးပဲ ဆုချနေတာဖြစ်တယ်လို့ သူတို့ကဝေဖန်နေကြပါတယ်။

XS
SM
MD
LG