သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတ ရင့်သီးမှုကြောင့် အိုဘားမား တွေ့ဆုံဖို့ အစီအစဉ်ဖျက်


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က ရင့်သီး ရိုင်းစိုင်းတဲ့ အသုံးအနှုန်းသုံးပြီး အမေရိကန်သမ္မတကို ရည်ညွှန်းပြောကြားခဲ့ပြီးနောက် သမ္မတ Barack Obama နဲ့ သမ္မတ Duterte တို့ တေ့ွဆုံမယ့် အစီအစဉ်ကို ဖျက်လိုက်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

သမ္မတ Duterte အာဏာရလာတဲ့ June လထဲက စလို့ ဖိလစ်ပိုင်မှာ မူးယစ်ဆေးရောင်းသူ၊ သုံးစွဲသူ ၂ ထောင်ကျော် တရားဥပဒေမဲ့ အသတ်ခံရတဲ့ ကိစ္စကို လာအိုနိုင်ငံက ထိပ်သီးစည်းဝေးပွဲမှာ ဖိလစ်ပိုင်သမ္မတနဲ့ တွေ့ဆုံတဲ့အခါ ပြောမယ်လို့ သမ္မတအိုဘားမားက အစောပိုင်းတုန်းက ပြောကြားထားပါတယ်။

သတ်ဖြတ်မှုတွေအပေါ် သူထောက်ခံတာကို ကာကွယ်တဲ့အနေနဲ့ သမ္မတ Duterte က သူ့ကို ရွေးကောက်တင်မြှောက်ထားသူတွေရဲ့ ဆန္ဒအတိုင်းဆောင်ရွက်တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ အာဆီယံထိပ်သီးစည်းဝေးပွဲတွေ ကျင်းပမဲ့ လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော်ဆီ မထွက်ခွာခင်မှာတော့ သမ္မတအိုဘားမားကို အရိုအသေတန်အောင်နေ၊ မေးခွန်းတွေပဲ လျှောက်မေးမနေနဲ့၊ ခင်ဗျားကို ဆွေးနွေးပွဲကျရင် ဆဲလိုက်ရဆိုပြီး ရင့်သီးတဲ့အသုံးအနှုန်းသုံးပြီး ဖိလစ်ပိုင်သမ္မတက သတိပေးခဲ့တာဖြစ်ပါတယ်။

အဲဒီလိုပြောခဲ့ပြီး အစမှာ သမ္မတအိုဘားမားက ဖိလစ်ပိုင်သမ္မတဟာ စိတ်ဝင်စားစရာ ကောင်းသူဖြစ်တယ်လို့ ဆိုပြီးသူနဲ့ အစီအစဉ်အတိုင်း တွေ့မယ်လို့ ပြောခဲ့ပါတယ်တယ်။ ဒါပေမဲ့ နာရီပိုင်းအကြာမှာတော့ သမ္မတအိုဘားမားနဲ့ သမ္မတ Duterte အင်္ဂါနေ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်လိုက်ပြီး သမ္မတဟာ တောင်ကိုရီးယားသမ္မတ Park Geun-hye နဲ့တွေ့ဆုံမယ်လို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ Ned Price က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG