သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hillary Clinton ကို သမ္မတ Obama ထောက်ခံ


သမ္မတ Obama နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်၊ သမ္မတကတော်ဟောင်း တယောက်လည်း ဖြစ်တဲ့ မစ္စစ်ကလင်တန် တို့ကိုတွေ့ရစဉ် (နိုဝင်ဘာ ၂၀၁၂)
သမ္မတ Obama နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်၊ သမ္မတကတော်ဟောင်း တယောက်လည်း ဖြစ်တဲ့ မစ္စစ်ကလင်တန် တို့ကိုတွေ့ရစဉ် (နိုဝင်ဘာ ၂၀၁၂)

အမေရိကန် သမ္မတ Barack Obama က ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတ ကိုယ်စားလှယ်လောင်း အဖြစ်ဖို့သေချာနေတဲ့ Hillary Clinton ကို တရားဝင်ထောက်ခံမှု ပေးလိုက်ပါပြီ။ ရီပါတ်ဘလစ်ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ သေချာနေတဲ့ Donald Trump ကို ဒီမိုကရက်တစ်ပါတီက စည်းစည်းလုံးလုံးနဲ့ ချေမှုန်းနိုင်ဖို့ ကျိုးစားတဲ့ အနေနဲ့ ကြာသပတေးနေ့မှာ မစ္စစ်ကလင်တန်ရဲ့ ပြိုင်ဘက် Bernie Sanders နဲ့ တွေ့ဆုံအပြီးမှာ သမ္မတက အခုလို ထောက်ခံမှု ပေးလိုက်တာပါ။

ကလင်တန် မဲဆွယ်ပွဲ ဗွီဒီယိုခွေ ထဲမှာ သမ္မတက အခုလို ပြောဆိုလိုက်တာ ဖြစ်ပြီး သမ္မတ တယောက်ဖြစ်လာဖို့ ဘယ်လောက်ခက်ခဲတယ် ဆိုတာကို သူသိသလို ဒီလိုသိလို့လည်း သူ့ရဲ့ အရင် နိုင်ငံခြားရေးဝန်ကြီးတယောက်လည်းဖြစ်၊ သမ္မတကတော်ဟောင်း တယောက်လည်း ဖြစ်တဲ့ မစ္စစ် ကလင်တန်ရဲ့ ဒီတာဝန်ထမ်းဆောင်နိုင်စွမ်း ရှိတာကို သူသိတာ ဖြစ်ကြောင်း ပြောပါတယ်။

တကယ်တော့ သမ္မတ တာဝန်ကို ယူဖို့ သူမ လိုအရည်ချင်းရှိတဲ့သူ တယောက်မှ ရှိမယ်မထင်သလို သူမဟာ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပြီး သမ္မတ တာဝန်ကို အပြည့်အဝထမ်းဆောင်မယ့် နှလုံးရည်၊ အကြင်နာစွမ်းအားတွေနဲ့ ပြည့်စုံသူတယောက်ဖြစ်တယ်လို့လည်း ပြောပါတယ်။

သမ္မတအိုဘားမားဟာ ဗုဒ္ဓဟူးနေ့မှာ Wisconsin ပြည်နယ်မှာ မစ္စစ်ကလင်တန်နဲ့ အတူ ပထမဆုံး မဲဆွယ်ပေးမှာ ဖြစ်ကြောင်း ပြောပါတယ်။

သမ္မတအိုဘားမားဟာ သန်းပေါင်းများစွာ အထူးသဖြင့် လူငယ် လူရွယ်တွေကြား ရေပန်းစားတဲ့ Vermont အထက်လွှတ်တော်အမတ် Bernie Sanders နဲ့ Oval ရုံးခန်းမှာ တရာရီကြာ တွေ့ဆုံဆွေးနွေးခဲ့အပြီးမှာ အခုလို မစ္စစ်ကလင်တန်ကို တရားဝင် ထောက်ခံကြောင်း ပြောကြားခဲ့တာပါ။

တွေ့ဆုံပွဲ အပြီး မစ္စတာ Sanders က မစ္စစ်ကလင်တန်ကို ထောက်ခံမှု မပေးသေးပေမယ့် သူမနဲ့ မကြာခင်မှာ တွေ့ဆုံပြီး မစ္စတာ Trump သမ္မတ မဖြစ်ရေးအတွက် တတ်နိုင်တာအားလုံး ကူညီဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

Hillary Clinton ကို သမ္မတ Obama ထောက်ခံသည့် ဗွီဒီယို ကို ကြည့်ရှု့နိုင်ပါသည်။

Hillary Clinton ကို သမ္မတ Obama ထောက်ခံ
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG