သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားပေါ် အမေရိကန် အပြင်းအထန် ဒဏ်ခတ်


Evgeniy Bogachev ကို အလိုရှိကြောင်း FBI က ထုတ်ထားသည့် ကြေညာချက်။
Evgeniy Bogachev ကို အလိုရှိကြောင်း FBI က ထုတ်ထားသည့် ကြေညာချက်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲကို ရုရှားက အင်တာနက်ကနေ ထိုးဖောက် တိုက်ခိုက်ပြီး အနှောက်အယှက် ပေးခဲ့တာ နဲ့ မော်စကိုမြို့မှာရှိနေတဲ့ အမေရိကန်သံတမန်တွေကို အနှောက်အယှက်ပြုတာ အပါအဝင် ရုရှားရဲ့လုပ်ရပ်တွေကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေကို သမ္မတ ဘရာ့ခ် အိုဘားမားက ချမှတ်လိုက်ပါတယ်။

နိုင်ငံတကာမှာ အခိုင်အမာ လက်ခံထားတဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို ချိုးဖောက်ပြီး အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်ဆောင်ခဲ့တဲ့အတွက် ရုရှားအပေါ် အခုလို အရေးယူတာဟာ သင့်တော်တဲ့တုံ့ပြန်မှုဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ကြာသပတေးနေ့က သမ္မတအမိန့်နဲ့ ချမှတ်လိုက်တဲ့ ဒဏ်ခတ်မှုတွေထဲမှာတော့ GRU နဲ့ FSB ရုရှား ထောက်လှမ်းရေးအဖွဲ့ နှစ်ခုနဲ့ GRU ထောက်လှမ်းရေးအဖွဲ့က တာဝန်ရှိသူလေးဦး၊ GRU ကို ငွေကြေး ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီ သုံးခု စုစုပေါင်း လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ကိုးခု ပါဝင်ပါတယ်။

ဒါ့အပြင် အမေရိကန်ဘဏ်တွေ၊ ကုမ္ပဏီတွေနဲ တခြား အမေရိကန်လုပ်ငန်းတွေ ကနေ ဒေါ်လာ သန်း ၁၀၀ ကျော်ကို ဆိုင်ဘာ အင်တာနက်ကနေ ခိုးယူခဲ့တဲ့ ရာဇဝတ်သားနှစ်ဦးအဖြစ် အမေရိကန်ဘဏ္ဍာရေးဌာနက ပြောထားတဲ့ Evgeniy Bogachev နဲ့ Aleksey Belan တို့နှစ်ဦးကိုလည်း အခုဒဏ်ခတ်ပိတ်ဆို့သူတွေထဲမှာ ထည့်သွင်းထားပါတယ်။

ဝါရှင်တန်မြို့တော်နဲ့ ဆန်ဖရန်ဆစ္စကိုမြို့က ကောင်စစ်ဝန်ရုံးတွေမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ရုရှားအစိုးရ အရာရှိ ၃၅ ယောက်ကိုလည်း သံတမန် ကျင့်ဝတ်တွေနဲ့မကိုက်ညီစွာ ပြုမူ ဆောင်ရွက်ခဲ့ကြတဲ့အတွက် အမေရိကန်ပြည်ထောင်စုကနေ ၇၂ နာရီအတွင်း ထွက်ခွာဖို့ အမိန့်ထုတ်ထား ပါတယ်။

XS
SM
MD
LG