သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်တိုက်ဖျက်ရေး အိုဘားမားချီးကျူး


စစ်မြေပြင်မှာ တိုက်ခိုက်နေရာကနေ နိုင်ငံစုံတပ်ဖွဲ့တွေ ဖန်တီးပြီး ဒေသခံအစိုးရတွေနဲ့ လက်တွဲဆောင်ရွက်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး နည်းဗျူဟာအပြောင်းအလဲက IS စစ်သွေးကြွတွေနဲ့ al-Qaida အကြမ်းဖက်ကွန်ယက်တွေကို အသာစီးရလာတဲ့နေရာမှာ အမှတ်ပေးရ မယ့်ကိစ္စတခုဖြစ်တယ်လိုပ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က ပြောဆိုလိုက်ပါတယ်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အဓိကမိန့်ခွန်းတခုကို နောက်ဆုံးအကြိမ် ပြောကြားရာမှာ - အမေရိကန် အထူးစစ်ဆင်ရေးတပ်နဲ့ အလယ်ပိုင်းဒေသ ကွပ်ကွပ်ရေးဌာနတို့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေမှာရှိတဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေကိုလည်း ချီးကျူးခဲ့ပါတယ်။

တပ်ဖွဲ့ဝင်တွေအပေါ် တိုင်းပြည်တခုလုံးက မယုံနိုင်လောက်တဲ့ ကျေးဇူးကြွေးတွေ တင်နေပြီ ဖြစ်တဲ့အကြောင်းလည်း ဖလော်ရီဒါပြည်နယ် MacDill လေတပ်စခန်းမှာ အခြေစိုက်ထားတဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေကို သမ္မတ အိုဘားမား က ပြောကြားသွားခဲ့တာပါ။

သမ္မတ အိုဘားမား စတင်တာဝန်ယူခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက အမေရိကန်ဟာ အာဖဂန်နဲ့ အီရတ်စစ်ပွဲတွေမှာ ပါဝင်နေတာ ၇ နှစ်ရှိပြီ ဖြစ်ပါတယ်။

သူ တာဝန်ယူခဲ့တဲ့ သမ္မတသက်တမ်း ၈ နှစ်အတွင်း - အကြမ်းဖက်အဖွဲ့အစည်းတခုခု၊ အစွန်းရောက်သမား တယောက်ယောက်က အမေရိကန် ပြည်ထောင်စုကို တိုက်ခိုက်ဖို့ မကြံစည်ခဲ့ဖူးတဲ့ နေ့ဆိုလို့ တနေ့မှ မရှိခဲ့ဖူးဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။ ၂၀၁၇ ဇန်နဝါရီလ ၂၀ ရက်နေ့ တာဝန်က အနားယူတဲ့အခါ စစ်ကာလအတွင်း သမ္မတသက်တမ်း ၂ ဆက် တာဝန်ယူခဲ့ဖူးတဲ့ သမ္မတတဦး ဖြစ်လာလိမ့်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG