သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆလင်တွေ ပြည်တွင်းအခြေချခွင့်မပြုဖို့ Trump ပြောဆိုချက် အိုဘားမားဝေဖန်


ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း ဖြစ်လာမယ့်သူ Donald Trump က အမေရိကန်နိုင်ငံအတွင်း မူဆလင်တွေ ဝင်ရောက်လာမှုကို ဟန့်တားမယ်လို့ ပြောမှုအပေါ် သမ္မတ Barack Obama က ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။

Trump ရဲ့ ပြိုင်ဘက် ဒီမိုကရက်ပါတီ သမ္မတကိုယ်စားလှယ်လောင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကို ထောက်ခံမယ့်အကြောင်း ပြောကြားထားတဲ့ သမ္မတ အိုဘားမားက - Trump ရဲ့ အဲဒီအဆိုပြုချက်ဟာ လူမျိုးရေး၊ လူမျိုးစုနဲ့ ဘာသာရေးဆိုင်ရာ မတူညီမှုတွေကို အသိအမှတ်ပြု လက်ခံတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အစဉ်အလာကို သစ္စာဖောက်ရာ ရောက်နေကြောင်းနဲ့ အဲဒီလို ပြောဆိုမှုဟာ သူတို့လိုချင်တဲ့ အမေရိကန်ပုံစံမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။

အရှေ့အလယ်ပိုင်းမှာရှိတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို အနိုင်ရရေး သမ္မတ အိုဘားမားရဲ့ လုပ်ဆောင်မှုတွေဟာ အားပျော့နေကြောင်း အကြိမ်ကြိမ် ဝေဖန်ပြောဆိုနေတဲ့ Trump က အမေရိကန်ပြည်ထောင်စုအနေနဲ့ IS အဖွဲ့အပေါ် ပိုမို ပြင်းထန်စွာ ရပ်တည်လုပ်ဆောင်ဖို့ လိုအပ်ကြောင်းနဲ့ နောက်ထပ် ဖြစ်ပေါ်လာမယ့် အကြမ်းဖက် တိုက်ခိုက်မှုရန်က ရှောင်ရှားနိုင်ရေးအတွက် နိုင်ငံခြားမှာ မွေးဖွားတဲ့ မူဆလင်တွေကို တိုင်းပြည်အတွင်း ဝင်လာခွင့် မပြုသင့်ကြောင်း ပြောပါတယ်။

လူပေါင်း ၄၉ ဦး သေဆုံးပြီး၊ ၅၃ ဦး ဒဏ်ရာရခဲ့တဲ့ ဖလော်ရီဒါပြည်နယ်၊ အော်လန်းဒိုးမြို့မှာရှိတဲ့ Gay လို့ခေါ်တဲ့ လိင်တူချင်း ချစ်သူတွေသွားကြတဲ့ Night Club ညကပွဲရုံမှာ တနင်္ဂနွေနေ့ မနက်အစောပိုင်းက ဖြစ်သွားခဲ့တဲ့ ပစ်ခတ်မှုဟာလည်း သမ္မတ အိုဘားမားရဲ့ ပေါ်လစီတွေကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ ပုံစံမျိုး Trump က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG