သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G-20 နဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွေတက်ဖို့ သမ္မတအိုဘားမား အာရှသွားမည်


သမ္မတအိုဘားမား
သမ္မတအိုဘားမား

အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားဟာ တရုတ်နိုင်ငံ၊ Hangzhou မြို့မှာကျင်းပမယ့် ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀ G20 ထိပ်သီးအစည်းအဝေးနဲ့လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော်မှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN နဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ စက်တင်ဘာလ ၂ ရက်နေ့ကနေ ၈ ရက်နေ့အထိ အာရှဒေသကို ခရီးထွက် ဖို့ရှိပါတယ်။

အခုခရီးစဉ်ဟာ သမ္မတအိုဘားမားအတွက် သူ့ရဲ့သမ္မတသက်တမ်းအတွင်း ၁၁ ကြိမ်နဲ့ နောက်ဆုံးအကြိမ်မြောက် အာရှခရီးစဉ် ဖြစ်မှာပါ။ အာရှ-ပစိဖိတ်ဒေသမှာ အမေရိကန် အင်အားချိန်ခွင်လျှာ ပြန်ထိန်းညှိရေး မဟာဗျူဟာနဲ့ ဒီဒေသနဲ့ပတ်သက်ပြီး သူ့ရဲ့ သမိုင်းမှတ်တမ်းတွေ ဘယ်လိုဖြစ်မယ်ဆိုတာ မရေမရာရှိနေချိန်မှာပဲ အရေးတကြီးကိစ္စရပ်မျိုးစုံကို အခုခရီးစဉ်အတွင်း

သမ္မတအိုဘားမား ရင်ဆိုင်ရဖို့ရှိပါတယ်။ နိုင်ငံခြားရေးမူဝါဒ ပြန် ချိန်ညှိရေးဟာ အမေရိကန်နိုင်ငံရဲ့ အနာဂတ် ဘေးကင်းလုံခြုံရေး နဲ့ သာယာဝပြောရေးအတွက် အထူး အရေးကြီးတယ်လို့ သမ္မတ အိုဘားမားက ပြောထားတာပါ။ အခုအာရှခရီးစဉ်အတွင်း ပစိဖိတ်သမုဒ္ဒရာဖြတ် မိတ်ဘက် ပူးပေါင်း ဆောင်ရွက်ရေး TPP ကို အတည်ပြုဖို့ သမ္မတအိုဘားမားအနေနဲ့ ထပ်ခါတလဲလဲ အခိုင်အမာပြောမယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောပါတယ်။

ပစိဖိတ်ရပ်ဝန်းက နိုင်ငံ ၁၂ နိုင်ငံ လက်မှတ်ရေးထိုးထား တဲ့ ဒီ TPP သဘောတူညီချက်ဟာ သမ္မတ အိုဘားမားချမှတ်တဲ့ အာရှဗဟိုပြုမူဝါဒရဲ့ စီးပွားရေးဆိုင်ရာ အခြေခံအုတ်မြစ်ဖြစ်ပါ တယ်။ လက်ရှိသမ္မတရွေးကောက်ပွဲဝင်မယ့် ရီပတ်ဘလီကန် သမ္မတလောင်း Donald Trump နဲ့ ဒီမိုကရက်သမ္မတလောင်း ဟီလာရီ ကလင်တန်တို့က TPP ကို ကန့်ကွက် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG