သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝီရသူတရားဟောခွင့် တနှစ်ပိတ်ပင်


ဦးဝီရသူကို နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့မှ တရားဟောခွင့် ပိတ်ပင်တဲ့ ကြေညာချက်။
ဦးဝီရသူကို နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့မှ တရားဟောခွင့် ပိတ်ပင်တဲ့ ကြေညာချက်။

မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ရှိတဲ့ မစိုးရိမ်တိုက်သစ်က ဦးဝီရသူ အဖြစ် လူသိများတဲ့ နာယက အဖွဲ့ဝင် ဆရာတော် ဦးဝိစိတ္တာဘိဝံသ ဟာ ဘာသာတခုနဲ့ တခုကြား အမုန်းတရား ပွါးစေနိုင်တဲ့ ဟောပြောမှုတွေ လုပ်တာကို တွေ့ရှိရတဲ့ အတွက် ၂၀၁၇ မတ်လ ၁၀ ရက် သောကြာနေ့ကစပြီး ၂၀၁၈ မတ်လ ၉ ရက်နေ့အထိ တရားဟောပြောခွင့် တနှစ် ပိတ်ပင်လိုက်ကြောင်း နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က မတ်လ ၁၀ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ဦးဝီရသူဟာ ဘာသာတခုနဲ့ တခုကြား အမုန်းတရားပွါးပြီး ဘာသာရေး အဓိကရုန်းတွေ ဖြစ်လာစေနိုင်တဲ့ ဟောပြောမှုတွေ၊ အမုန်းတရား ကြီးထွါးစေတဲ့ လှုံ့ဆော်မှုဟောပြောမှုတွေ၊ တရားဥပဒေ စိုးမိုးရေးကို အဟန့်အတား ဖြစ်စေ တဲ့ ဟောပြောမှုတွေ အပြင် နိုင်ငံရေး ပါတီတွေကြား ဘက်လိုက် ဟောပြောမှုတွေ ကို ဒေသအနှံ့အပြားမှာ အကြိမ် အတော်များများ ပြုလုပ်ခဲ့တာမို့ ဒါဟာ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို ဖေါက်ဖျက်ရာ ကျနေတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အခုလို ချိုးဖေါက်မှုနေမှုကြောင့် နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ရဲ့ ၄၇ ပါးစုံညီ အထူးအစည်းအဝေး ကနေ ဦးဝီရသူကို တရားဟောပြောခွင့် တနှစ် ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး မလိုက်နာရင် တည်ဆဲ ဥပဒေတွေနဲ့ အရေးယူသွားမယ် လို့လည်း ရေးသား ထားပါတယ်။

မကြာသေးခင်က တရားလွှတ်တော် ရှေ့နေကြီးဦးကိုနီ ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ် အလုပ်ကြံခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးကိုနီကို သတ်ဖြတ်ခဲ့သူဟာ လူတွေကို အန္တရာယ်ပြုမယ့် ခွေးရူးကို သတ်ခဲ့သူမို့ ကျေးဇူးတင်ထိုက်တယ်လို့ ဦးဝီရသူက မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။

ဦးဝီရသူဟာ မူဆလင် မုန်းတီးရေးတရားတွေ ဟောပြောသူအဖြစ် ထင်ရှားပြီး ၂၀၁၃ ဇွန်လထုတ် Times မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးမှာတော့ The Face of Buddhist Terror ဗုဒ္ဓဘာသာ အကြမ်းဖက် ဝါဒီရဲ့ မျက်နှာ အဖြစ် ဖေါ်ပြတာ ခံခဲ့ရပါတယ်။

ဦးဝီရသူတရားဟောခွင့် တနှစ်ပိတ်ပင်
please wait

No media source currently available

0:00 0:01:38 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG