သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

OPEC ရေနံထုတ်လုပ်မှုလျှော့ချပြီးနောက် ဈေးပြန်တက်


ကမ္ဘာ့ရေနံတင်ပို့ရောင်းချသူများအဖွဲ့ OPEC ဥက္ကဋ္ဌ Mohammed bin Saleh al-Sada
ကမ္ဘာ့ရေနံတင်ပို့ရောင်းချသူများအဖွဲ့ OPEC ဥက္ကဋ္ဌ Mohammed bin Saleh al-Sada

ကမ္ဘာ့ရေနံတင်ပို့ရောင်းချသူများအဖွဲ့ OPEC က ၂၀၀၈ ခုနှစ်ကတည်းကနေဆိုရင် ပထမဆုံးအကြိမ်အဖြစ် ရေနံထုတ်လုပ်မှုှုကို လျှော့ချဖို့ သဘောတူလိုက်ပြီးတဲ့နောက် ဒီကနေ့ ရေနံဈေးနှုန်း ထပ်တက်ပါတယ်။

ဆုံးဖြတ်ချက်ထွက်လာပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့က ရေနံဈေးနှုန်း ၁၀% လောက်တက်သွားသလို စွမ်းအင်ကဏ္ဍ အစုရှယ်ယာ ဈေး တွေလည်း တက်သွားပါတယ်။ ဒီကနေ့ ထပ်တက်တာကြောင့် ရေနံတစည်ကို ဒေါ်လာ ၅၀ လောက်ထိ ရောက်သွားပါပြီ။

OPEC အဖွဲ့ရဲ့ ရေနံထုတ်လုပ်မှုကို တနေ့ စည်ပေါင်း ၁.၂ သန်း ဒါမှမဟုတ် တကမ္ဘာလုံးထုတ်လုပ်မှုရဲ့ ၁% လောက်အလျော့နဲ့ စည်ပေါင်း ၃၂.၅ သန်းထိ လျှော့ထုတ်သွားမယ်လို့ အီရန် ရေနံဝန်ကြီးက ပြောထားပါတယ်။

OPEC အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေလည်း ရေနံလျှော့ထုတ်ဖို့ ပြောမယ်လို့ ဗီယန်နာမြို့မှာ ဗုဒ္ဓဟူးနေ့က အစည်းအဝေးမလုပ်ခင် ဆော်ဒီ အာရေးဘီးယား စွမ်းအင်ဝန်ကြီးကပြောပါတယ်။

OPEC အဖွဲ့ဝင်မဟုတ်တဲ့ ရုရှားနိုင်ငံက တရက်ကို စည်ပေါင်း ၃ သိန်း လျှော့ထုတ်မယ်လို့ သဘောတူထားပါတယ်။

ရေနံဈေးနှုန်းကို တစည် ၅၅ ဒေါ်လာကနေ ဒေါ်လာ ၆၀ ကြား ရှိချင်တယ်လို့ OPEC က ပြောပါတယ်။ အဲဒီဈေးနှုန်းနဲ့ဆိုရင် လွန်ခဲ့ တဲ့နှစ်နှစ်အတွင်း တစည်ကို ဒေါ်လာ ၅၀ အောက်အထိ မကြာခန ကျသွားတာကြောင့် အထိနာခဲ့ရတဲ့ ရေနံပေါ် အဓိကမှီခိုနေရ တဲ့နိုင်ငံတွေ စီးပွားရေးပြန်ကောင်းလာဖို့ အထောက်အကူဖြစ်မယ်လို့ OPEC အဖွဲ့ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG