သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်သွေးကြွနှိမ်နင်းရေး ပါကစ္စတန်-အာဖဂန် သဘောကွဲ


ပါကစ္စတန်နိုင်ငံက အိမ်နီးချင်း အာဖဂန်နိုင်ငံနဲ့ နယ်စပ်ကို ပိတ်ပစ်လိုက်ပြီး အမြောက်တွေနဲ့လည်း ပစ်ခတ်ခဲ့သလို စစ်သွေးကြွတွေကိုလည်း လိုက်လံ ရှာဖွေ၊ ဖမ်းဆီးမှုတွေ အကြီးအကျယ် လုပ်ဆောင်ခဲ့တာမှာ မသင်္ကာသူ ၁၀၀ ကျော် သေဆုံးသွားခဲ့ပါတယ်။

ဒါဟာ ပါကစ္စတန်နိုင်ငံထဲမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို လက်စားချေတဲ့အနေနဲ့ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

IS အစ္စလာမ်မစ် စစ်သွေးကြွတွေက နှစ်နိုင်ငံစလုံးမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီလို နှစ်နိုင်ငံစလုံးမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်ခံခဲ့ရတဲ့အတွက် အိမ်နီးချင်း နိုင်ငံအချင်းချင်းကြား သွေးစည်း ညီညွတ်မှု ရှိမလာဘဲ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ ကျူးလွန်သူတွေကို လက်ခံပေးထားတယ်ဆိုပြီး အပြန်အလှန် စွပ်စွဲ ပြောဆိုနေကြပါတယ်။

ကြာသပတေးနေ့က ပါကစ္စတန်နိုင်ငံမှာ ဖြစ်သွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အများစုက အထွတ်အမြတ်ထားရာ Sufi ဘုရားကျောင်း ထိမှန်သွားပြီး အနဲဆုံး လူပေါင်း ၇၂ ဦးလောက် သေဆုံးတဲ့အပြင် အများအပြားလည်း ထိခိုက် ဒဏ်ရာ ရသွားခဲ့ပါတယ်။

Sindh ပြည်နယ်အတွင်းမှာ ဖြစ်သွားခဲ့တဲ့ အဲဒီ အသေခံတိုက်ခိုက်မှုရဲ့ မြင်ကွင်းက ပါကစ္စတန်အစိုးရကိုပါ တုန်လှုပ်သွားစေခဲ့ပါတယ်။ အဲဒီ အကြမ်းဖက် တိုက်ခိုက်မှုကို အာဖဂန်အခြေစိုက် Jama-ul-Ahrar ဆိုတဲ့အဖွဲ့က ပြုလုပ်ခဲ့ခြင်းကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG