သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချစ်သူများနေ့မှာ ချစ်ခွင့်ပိတ်ပင်တဲ့ ပါကစ္စတန်


ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့မှာရှိတဲ့ ဗဟိုတရားရုံးက နိုင်ငံတဝှမ်း Valentine’s Day လို့ခေါ်တဲ့ ချစ်သူများနေ့ ကျင်းပခွင့် ပိတ်ပင်တဲ့ စီရင်ချက်တရပ် တနင်္လာနေ့က ချမှတ်လိုက်ပြီး အဲဒီ အမိန့်ဟာ ချက်ခြင်း အသက်ဝင်ကြောင်း ပြောပါတယ်။

တရားရုံးရဲ့ အမိန့်အရ ချစ်သူများနေ့နဲ့ သက်ဆိုင်တဲ့ ကြော်ငြာတွေကို အီလက်ထရွန်းနစ်နဲ့ ပုံနှိပ် မီဒီယာတွေမှာ ဖော်ပြခွင့် ပိတ်ပင်လိုက်သလို ချစ်သူများနေ့နဲ့ဆိုင်တဲ့ အထိမ်းအမှတ် ပစ္စည်းတွေ ရောင်းချခွင့်ပါ ပိတ်ပင်လိုက်ပြီး အများမြင်ကွင်းနဲ့ အစိုးရ အဆောက်အအုံတွေအတွင်း ချစ်သူများနေ့ ဆင်နွဲခွင့်ကိုလည်း တားမြစ်လိုက်ပါတယ်။

ချစ်သူများနေ့အထိမ်းအမှတ်အဖြစ် လုပ်ဆောင်နေတဲ့ ကြော်ငြာတွေဟာ အစ္စလာမ်ဘာသာရဲ့ ဆုံးမသြဝါဒတွေနဲ့ ကိုက်ညီခြင်း မရှိကြောင်း Abdul Waheed ဆိုသူက အသနားခံလွှာ တင်သွင်းခဲ့တာကြောင့် တရားရုံးက အခုလို အမိန့်ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ဒါပေမယ့် အမေရိကန်ပြည်ထောင်စုမှာတော့ ချစ်သူများနေ့ကို လူအများစုက ဆင်နွဲကြတာမှာ အမေရိကန်နိုင်ငံက Greeting Card ကုမ္ပဏီ Hallmark ရဲ့ အဆိုအရ ချစ်သူများနေ့နဲ့ဆိုင်တဲ့ ကဒ်ပြားပေါင်း ၁၁၄ သန်းလောက် နှစ်စဉ် အချင်းချင်း ပေးပို့ကြလေ့ရှိတယ်လို့ ဆိုပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ ပေးပို့ကြတဲ့ ကဒ်ပြားအရေအတွက်ကတော့ တစ်ဘီလီယံခန့် ရှိတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG