သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရီမြို့လယ် တိုက်ခိုက်မှု ၂ ဦးသေဆုံး


ပါရီမြို့လယ် တိုက်ခိုက်မှု ၂ ဦးသေဆုံး
ပါရီမြို့လယ် တိုက်ခိုက်မှု ၂ ဦးသေဆုံး

ပြင်သစ်နိုင်ငံ ပါရီမြို့လယ်က Champs-Elysees လမ်းမကြီးမှာ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် ရဲအရာရှိတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရသွားပါတယ်။ ပစ်ခတ်သူ ၁ ယောက်သေဆုံးတယ်လို့ ပြင်သစ်ရဲတပ်ဖွဲ့ကပြောပေမဲ့ ဖြစ်နိုင်ခြေရှိတဲ့နောက်ထပ် ပစ်ခတ်သူ ၁ ယောက်နဲ့ ပတ်သက်တဲ့အကြောင်း မသိရသေးပါဘူး။ ကြာသပတေးနေ့ ညပိုင်းမှာဖြစ်ပွားတဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ အချက်အလက် အပြည့်အစုံ လောလောဆယ် မရသေးပါဘူး။

မြေအောက်ဘူတာနားမှာ ကားတစီးထိုးရပ်ပြီး ကားထဲက ထွက်လာသူတယောက်က စက်သေနတ်တလက်နဲ့ စတင်ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်တယောက်က ရဲကိုပြောခဲ့ပါတယ်။ Champs-Elysees လမ်းမကြီးနားကို လူတွေမလာကြဖို့ ရဲကသတိပေးထားပါတယ်။ ပါရီမြို့တော်က အထင်ကရနေရာတခုဖြစ်တဲ့ Champs-Elysees လမ်းမကြီးဟာ ကမ္ဘာလှည့်ခရီးသည်တွေအလာအများဆုံးနေရာတခုဖြစ်သလို ဈေးဝယ်သူတွေ၊ စားသောက်ဆိုင်တွေနဲ့ စည်ကားလှတဲ့နေရာဖြစ်ပါတယ်။

တိုက်ခိုက်မှုနဲ့ပတ်သက်လို့ အကြမ်းဖက်မှုတန်ပြန်ရေးတာဝန်ရှိသူတွေက စတင်စုံစမ်းနေပါပြီ။ ဓါးပြတိုက်ဖို့ ကြိုးစားရင်း မအောင်မြင်လို့ ပစ်ခတ်တာဖြစ်နိုင်တယ်လို့ တချို့ရဲ့တွေကတော့ ပြောပါတယ်။ ပြင်သစ်နိုင်ငံမှာ တနင်္ဂနွေနေ့ကျရင် အထွေထွေရွေးကောက်ပွဲကျင်းပဖို့ရှိနေချိန်မှာ ပစ်ခတ်မှုဖြစ်ပွားတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အကြမ်းဖက် အစ္စလာမ်ဝါဒီတွေရဲ့ တိုက်ခိုက်မှုကြောင့် ပြင်သစ်မှာ သေဆုံးသူ ၂၀၀ ကျော်ရှိနေပါပြီ။

ပြင်သစ်ပြည်သူတွေအတွက် အမေရိကန်သမ္မတ Donald Trump က ဝါရှင်တန်မြို့တော်ကနေ ဝမ်းနည်းစကားပါးခဲ့ပါတယ်။ တိုက်ခိုက်မှုဟာ ဆိုးဝါးတဲ့ဖြစ်ရပ်ဖြစ်တယ်လို့ ဆိုပြီး ဒီလိုအကြမ်းဖက်မှုတွေ ဘယ်တော့မှ အဆုံးမသတ်ဘူးဆိုတဲ့ သက်သေတခုဖြစ်တယ်လို့ သမ္မတ Trump ကပြောကြားခဲ့ပါတယ်။

XS
SM
MD
LG