သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီယားသမ္မတ Park Geun-hye ဝန်ကြီးချုပ်သစ်အမည် တင်သွင်း


ကိုရီယားသမ္မတ Park Geun-hye
ကိုရီယားသမ္မတ Park Geun-hye

တောင်ကိုးရီးယားသမ္မတ ပတ်ဂွန်ဟေးက နောက်အစားထိုးမယ့် ဝန်ကြီးချုပ်သစ်နဲ့ ထိပ်တန်းအရာရှိ ၂ ယောက်တို့ရဲ့ နာမည်တွေကို ဗုဓ္ဒဟူးနေ့က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

သမ္မတ ပတ်ဂွန်ဟေးဟာ သူ့မိတ်ဆွေဟောင်း တယောက်ရဲ့ လွှမ်းမိုးခြယ်လှယ်မှု ခံနေရတာ ဖြစ်ကောင်းဖြစ်မယ်ဆိုပြီး စုံစမ်းစစ်ဆေးခံနေရတာကြောင့် ဒါကိုအာရုံပြောင်းအောင် ကြိုးပမ်းတာ ဖြစ်တယ်လို့ အတိုက်အခံ တို့ကပြောဆိုပြီး အဲ့ဒီလို ခန့်အပ် မသွားနိုင်အောင် ကန့်ကွက်သွားမယ်လို့ဆိုပါတယ်။

မစ္စပတ် က Kookmin တက္ကသိုလ်ပါမောက္ခ Kim Byong-joon ကို ဝန်ကြီးချုပ်သစ် အဖြစ်ရွေးချယ် ထားတာပါ။ Kim ဟာ တောင်ကိုးရီးယား လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားနိုင်မယ့် အရည်အချင်းရှိသူ တဦးဖြစ်သလို နိုင်ငံအနာဂတ် အတွက် ခိုင်မာတဲ့အစိုးရ ဝန်ကြီးအဖွဲ့ကို ဦးဆောင်နိုင်လိမ့်မယ်လို့ သမ္မတ ပတ်ရဲ့ ပြောခွင့်ရက ဆိုပါတယ်။

ဒါ့အပြင် ဘဏ္ဍာရေးလုပ်ငန်းကော်မရှင် ဥက္ကဌ၊ Yim Jong-yong ကိုလည်း ဘဏ္ဍာရေးဝန်ကြီး အဖြစ်နဲ့ ဒုတိယ ဝန်ကြီးချုပ် Park Seung-joo ကိုလည်း လူထုဘေးကင်းလုံခြုံရေး ဝန်ကြီးဌာန အကြီးအကဲအဖြစ် မစ္စပတ်က ရွေးချယ် ထားတာပါ။ ခုလိုရွေးချယ်ခန့်ထားမှုဟာ အတိုက်အခံတွေဆီ က ထောက်ခံမှု ရလာအောင် ကြိုးပမ်းချက်အဖြစ် ရှုမြင်မှုတွေလည်းရှိနေတာပါ။ Kim နဲ့ Park Seung-joo တို့ဟာ လစ်ဘရယ် တဦးဖြစ်တဲ့ အရင်သမ္မတဟောင်း ရိုမူဟိုင် အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ကြဖူးသူတွေဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG