သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ အောက်မေ့ဖွယ် လွမ်းသူ့ပန်းခွေချ ချီတက်ပွဲများပြုလုပ်


U.S. Secretary of State John Kerry, left, and new Iraqi Prime Minister Haider al-Abadi shake hands after a meeting in Baghdad Sept. 10, 2014.
U.S. Secretary of State John Kerry, left, and new Iraqi Prime Minister Haider al-Abadi shake hands after a meeting in Baghdad Sept. 10, 2014.
ဒီကနေ့ ကျရောက်တဲ့ ရှစ်လေးလုံး လူထု ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုနေ့ မှာပဲ အဲဒီ့ကာလက စစ်တပ်ကနေ လူထုကို အကြမ်းဖက်နှိမ်နင်းမှုတွေဖြစ်ခဲ့တဲ့ ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့၊ မြောက်ဥက္ကလာ လမ်းဆုံ စတဲ့နေရာတွေမှာ တက်ကြွလှုပ်ရှားသူတွေ စုပြီး စီတန်း လမ်းလျှောက်တာ၊ ဂုဏ်ပြုလွမ်းသူ့ ပန်းခွေချတာ၊ အမှတ်တရကျောက်တိုင် ပြန်လည်စိုက်ထူတဲ့ လှုပ်ရှားမှုတွေပြုလုပ် ခဲ့ကြပါတယ်၊ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ဆန္ဒပြချီတက်ပွဲတွေ နဲ့ ဝတ်ပြုဆုတောင်းပွဲတွေကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ VOA သတင်းထောက် ကိုကျော်ထင် က သတင်း ပေးပို့ထားပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီတောင်းဆိုမှုမှာ ပထမဆုံးအကြိမ် အစုလိုက် အပြုံလိုက် ပစ်သတ်ခံခဲ့ရတဲ့ ရန်ကုန်မြို့တော်ခမ်းမရှေ့မှာ အသက်ရှင်ကျန်ခဲ့သူတချို့က ကျဆုံးသွားသူတွေကို ဂုဏ်ပြုလွမ်းသူ့ ပန်းခွေချတာတွေ ဆုတောင်းမှုတွေပြု လုပ်ခဲ့ကြပါတယ်။ ခုလိုအမှတ်တရအခမ်းနား လုပ်နိုင်ဖို့ လည်း ကြိုတင် ခွင့်ပြုချက် တောင်းရတယ်လို့ သိရပါတယ်။ ကိုယ်တိုင် ပါဝင်ခဲ့သူ တဦးက အဲဒီ့ည အခြေအနေကို အခုလိုပြောပါတယ်။

“ ပထမကြိမ် ပစ်လိုက်တဲ့ချိန်မှာ ကျနော်တို့က ဘရင်းကယ်ရီယာရှေ့မှာ ရှိနေတဲ့အတွက် တကယ်ပစ်တယ်လို့မထင်လိုက်ဘူး၊ ဘာလို့ဆိုတော့ ကျနော်တို့ မထိဘူးလေ၊ ဒုတိယတကြိမ်ပစ်တဲ့ချိန်မှာ အဲဒီ ဘရင်းကယ်ရီယာကြားမှာရှိတဲ့ ကျနော်တို့ ညီအကိုတွေ ကျသွားပြီ၊ သွေးအိုင်ထဲ လဲသွားပြီ၊ အဲဒီတော့ ကျနော်တို့ ဒီနေရာ ဒီလမ်းထိပ်ရောက်လာချိန် ဒီလမ်းထဲ ကားဝင်လာပြီး ပစ်ထည့်လိုက်တာ အဲဒီထဲ အသေပျောက်အများဆုံးဖြစ်သွားတယ်၊

မေးခွန်း“ ဆိုတော့ ခင်ဗျားစိတ်ထင် အဲဒီညက အသေပျောက် ဘယ်လောက်ဖြစ်ခဲ့တယ် ထင်သလဲဗျ “

"ကျနော်ထင်တာ ဒီထဲမှာ မျက်မြင် ၁၂ယောက်လောက်ရှိတယ်၊ အထဲထဲမှာတော့ မသိဘူး၊ ဒါပေမယ့်နောက်ပိုင်း ကျနော်ကြားရတာ တစ်နာရီခွဲလောက်မှာ ပထမအသုတ် ရန်ကုန်ဆေးရုံကြီးကို ၁၂ ယောက် လောက်ရောက်တယ်၊ ခွဲစိတ်ကုသနိုင်ဖို့အချိန်မမီတော့ဘူး၊ ဒုတိယအသုတ်က ၅၀လောက်ရောက်လာတယ်။ တတိယ အသုတ်ကျတော့ မရေတွက်နိုင်တော့ဘူး”

ဒီအခမ်းနားကို ရှစ်လေးလုံးကာလကဖွဲ့စည်းခဲ့တဲ့ ဗမာ့နိုင်ငံရေးလှုပ်ရှားမှုတပ်ဦး BRF က ဦးဆောင် ပြုလုပ် တာဖြစ်ပြီး လူ ၂၀၀နီးပါးတက်ရောက်ခဲ့ပါတယ်၊ BRF ခေါင်းဆောင် ကိုဝင်းမင်းက ကနေ့အထိ ရှစ်လေးလုံးလူထုဆန္ဒပြမှုဟာ မပြီးမြောက်သေးဘူးလို့ ဆိုပါတယ်။

“ မပြီးသေးပါဘူးခင်ဗျ၊ ကျနော်တို့တောင်းဆိုမှုတွေ ဆက်လက် လုပ်သွားရမှာဖြစ်ပါတယ်၊ ကျနော်တို့ဗမာပြည်ဟာ အဘဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေးယူပေးခဲ့ပြီးပါပြီ။ ဒါပေမယ့် မလွတ်လပ်တဲ့ တိုင်းပြည်အတွက်က ကျနော်တို့ ဆက်လက်လျှောက် လှမ်းရမှာဖြစ်ပါတယ်၊ ( ကမ္ဘာမကြေသီချင်း)" "ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည်"ကြွေးကြော်သံများ

ရှစ်လေးလုံး ဒီမိုကရေစီတောင်းဆိုမှုကြီးမှာ မြောက်ဥက္ကလာပမြို့နယ်မှာလည်း
သွေးထွက်သံယိုမှု အများဆုံးဖြစ်ခဲ့ပါတယ်။ အရေးခင်းကာလထဲမှာ ကျဆုံးသွားသူတွေ အမှတ်တရကျောက်တိုင်စိုက်ထူခဲ့ပေမယ့် စစ်အစိုးရက ဖျက်ဆီးခဲ့ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ငွေရတု မှာ ကျောက်တိုင်ပြန်လည် စိုက်ထူနိုင်ခဲ့ပြီလို့ အခမ်းနားစီစဉ်သူ ကိုသန်းအောင်က ပြောပါတယ်။

“ ကျောက်တိုင်စစ်စစ်ကြီးကို မလုပ်နိုင်သေးပေမယ့် ပါဖောမင့် သဘောနဲ့ ကျောက်တိုင်စိုက်နိုင်ခဲ့ပြီ၊ မနေ့ကစပြီး အဲဒီနေရာမှာ ပန်းတွေကြဲခဲ့ပြီ၊ ဒါက ကျဆုံးသွားတဲ့ ကျနော်တို့ရဲဘော်တွေကို အလေးတက်ဂါရဝပြုရင်း လုပ်တဲ့ကျောက်တိုင်ပါ”

အလားတူပဲ ဒီနေ့မနက်ပိုင်းမှာ ဒီမိုကရေစီတောင်းဆိုသူ ၂၀၀နီးပါး က ဟံသာဝတီ အဝိုင်းကနေ ရန်ကုန်မြို့ တော်ခန်းမဆီသို့ ချီတက် လမ်းလျှောက်ဂုဏ်ပြုခဲ့ကြပါတယ်။
XS
SM
MD
LG