သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရဲ့စိတ်ပိုင်းဖြတ်ချက်ကို မြောက်ကိုရီးယားသွေးတိုးမစမ်းဖို့ ကန်ဒုသမ္မတ သတိပေး


မြောက်ကိုးရီးယားခေါင်းဆောင် Kim Jong Un ရဲ့ တိုးမြင့်လာတဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေကိုကိုင်တွယ်ဖို့ အမေရိကန်သမ္မတ Donald Trumpအနေနဲ့ လိုအပ်ရင် စစ်ရေးအင်အား အသုံးပြုလိမ့်မယ်လို့ ဒုသမ္မတ Mike Pence က ဒီကနေ့ တနင်္လာနေ့မှာ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

ဆီးရီးယားနဲ့ အာဖဂန်နစ္စတန်နိုင်ငံအပေါ် ပြီးခဲ့တဲ့သီတင်း ၂ ပတ်အတွင်းမှာပဲ အမေရိကန်သမ္မတသစ်ရဲ့ အင်အားနဲ့ ဖြေရှင်းပုံကို ကမ္ဘာက မျက်မြင်တွေ့ခဲ့ပြီးပါပြီ။ မြောက်ကိုးရီးယားအနေနဲ့ နျူကလီးယားစမ်းသပ်မှုတွေ မလုပ်ရင် ပိုကောင်းပါလိမ့်မယ်လို့ ဒုသမ္မတ Pence က တောင်ကိုးရီးယား ယာယီသမ္မတ Hwang Kyo- ahn နဲ့ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။

ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာပဲ ဒုသမ္မတ Pence ဟာ အမေရိကန်အစိုးရ အနေနဲ့ အာရှ-ပစိဖိတ်ဒေသအတွင်းက မဟာမိတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက် နိုင်ငံတွေအပေါ် အထူး တန်ဖိုးထားပြီး ချဉ်းကပ်လုပ်ဆောင်သွားမယ်ဆိုတာကို ပြသဖို့ လာရောက်တာဖြစ်ပြီး အာရှလေးနိုင်ငံခရီးစဉ်အစမှာပဲ တောင်ကိုးရီးယားနိုင်ငံကိုရောက်ရှိနေတာပါ။ ဒါ့အပြင် ဒီခရီးစဉ်ဟာ မြောက်ကိုးရီးယားရဲ့ တိုးမြှင့်လာတဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျဉ် အစီအစဉ်တွေအပေါ် နိုင်ငံတကာက ဝိုင်းပြီးဖိအားတွေပေးဖို့အတွက်လည်း ဖြစ်ပါတယ်။ မဟာမိတ်တွေအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ခံအားပေးမှုဟာ မယိမ်းယိုင်သလို ဒေသတွင်း လုံခြုံရေးနဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်အားလုံးမှာ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဒုသမ္မတ Pence ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG