သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတ Pence ဆုံးဖြတ်မဲနဲ့ ပညာရေးဝန်ကြီးသစ်ကို အတည်ပြု


အမေရိကန် ပညာရေးဝန်ကြီးခန့်အပ်ဖို့ အငြင်းပွားစရာဖြစ်ခဲ့တဲ့ Betsy DeVos ဟာ အင်္ဂါနေ့ညနေပိုင်းက ဒုသမ္မတ Mike Pence ရှေ့မှာ ကျန်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ သမ္မတရွေးချယ်ထားသူ Betsy DeVos ကို အတည်ပြုရေး အထက်လွှတ်တော်မှာ အင်္ဂါနေ့မနက်ပိုင်းက မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံသူနဲ့ ကန့်ကွက်သူမဲ ၅၀-၅၀ စီ ဖြစ်ခဲ့တာကြောင့် ဒုသမ္မတ Mike Pence က ထောက်ခံမဲထည့်ပြီး ခန့်အပ်မှုကို အတည်ပြုခဲ့ပါတယ်။

ပညာရေးဌာနကိုဦးဆောင်ဖို့ Betsy DeVos မှာ အတွေ့အကြုံမရှိဘူးလို့ အထက်လွှတ်တော် ကျန်းမာရေး၊ ပညာရေး၊ ပင်စင်နဲ့ အလုပ်သမားကော်မတီ ၂၄ နာရီကြာ အချေအတင် ကန့်ကွက်ဆွေးနွေးမှုတွေ ဖြစ်ခဲ့ပြီးနောက်မှာ အထက်လွှတ်တော်တရပ်လုံးကနေ ဆုံးဖြတ်ပေးဖို့တင်ပြခဲ့ကြပါတယ်။

Republican အမတ် ၅၀ လုံးက ထောက်ခံပေမဲ့၊ အထက်လွှတ်တော်မှာရှိတဲ့ ဒီမိုကရက်အမတ် ၄၆ ယောက်လုံးအပြင် Republican အမတ် ၂ ယောက် သီးခြားလွတ်လပ်တဲ့ အမတ် ၂ ယောက်တို့က ကန့်ကွက်ခဲ့တဲ့အတွက် မဲ ၅၀-၅၀ ဖြစ်ခဲ့တာကြောင့် ဒုသမ္မတရဲ့ ထောက်ခံမဲ ၁ မဲကို သုံးခဲ့ရတာဖြစ်ပါတယ်။

ခုလို Cabinet ဝန်ကြီးတယောက်ခန့်နိုင်ဖို့ ဒုသမ္မတရဲ့မဲကို အသုံးပြုရတာ အမေရိကန်သမိုင်းမှာ ပထမဆုံးဖြစ်ပါတယ်။ အစိုးရကျောင်းတွေနဲ့ပါတ်သက်လို့ အတေ့ွအကြုံမရှိတဲ့ ဘီလျံနာသူဋ္ဌေးမကြီး Mrs DeVos ကို ပညာရေးဝန်ကြီးခန့်သင့် မသင့် ပြီးခဲ့တဲ့လကလုပ်တဲ့ လွှတ်တော်ကြားနာပွဲအတွင်း သူယူရမယ့် တာဝန်တွေနဲ့ပတ်သက်လို့ မေးခွန်း တော်တော်များများကို မဖြေနိုင်ခဲ့တဲ့အတွက် သူ့အပေါ် ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG