သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းကြောင့် ကန်တောင်ပိုင်းမှာ သေဆုံးသူ ၁၆ ဦးရှိပြီ


မုန်တိုင်းကြောင့် ဂျော်ဂျီယာပြည်နယ်အတွင်းက အပျက်အစီးတချို့
မုန်တိုင်းကြောင့် ဂျော်ဂျီယာပြည်နယ်အတွင်းက အပျက်အစီးတချို့

ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုကြောင့် အမေရိကန်ပြည်ထောင်စုတောင်ပိုင်းပိုင်းမှာ လူ ၁၆ ဦးထက်မနည်း သေဆုံးသွားခဲ့ရပြီး၊ လူတွေရဲ့ အသက်အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့ နောက်ထပ် မုန်တိုင်းတွေ တိုက်ခတ်လာဖွယ် အခြေနေရှိတယ်လို့ မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းအတွင်း Georgia ပြည်နယ်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ပြင်းထန်တဲ့ မုန်တိုင်းတွေ၊ လေဆင်နှာမောင်း တိုက်ခတ်မှုတွေကြောင့် အနည်းဆုံး လူ ၁၂ ဦးသေဆုံးပြီး နောက်ထပ် ၂၀ လည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ဂျော်ဂျီယာပြည်နယ်တောင်ပိုင်း၊ ဖလော်ရီဒါ မြောက်ပိုင်းနဲ့၊ အယ်လာဘားမားပြည်နယ် အရှေ့တောင်ပိုင်းတွေမှာ အင်အားကြီးမားတဲ့ လေဆင်နှာမောင်းတွေ၊ ထိခိုက်ပျက်စီးမှုတွေရှိနိုင်တဲ့ လေပြင်းတွေ မိုးသီးကြွေမှုတွေနဲ့ ကြုံတွေ့ရဖွယ်ရှိတယ်လို့ အမျိုးသား မိုးလေဝသ ဌာနက တနင်္ဂနွေနေ့မှာ သတိပေးလိုက်တာပါ။

ကီလိုမီတာနဲ့ချီပြီး ရှည်လျှားတဲ့ လေဆင်နှာမောင်း တိုက်ခတ်မှုတွေဖြစ်ပေါ်နိုင်ပြီး သိပ်ကို အန္တရာယ်ကြီးမားပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်ကုန်ပိုင်းအတွင်း ဂျော်ဂျီယာပြည်နယ် အတွင်းတိုက်ခတ်ခဲ့တဲ့ လေပြင်းမုန်တိုင်းတွေ လေဆင်နှာမောင်းတွေကြောင့် လူပေါင်း ၁၁ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ နောက်တခြားလူ ၄ ယောက်ကတော့ စနေနေ့ Mississippi မှာ လေဆင်နှာမောင်း တိုက်ခတ်ခဲ့စဉ်မှာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှုးက ပြည်နယ်အတွင်း လေမုန်တိုင်းတိုက်ခတ်မှုကြောင်း လူတွေ သေဆုံး ဒဏ်ရာရပြီး ဆိုးဆိုးရွားရွားပျက်စီး မှုတွေ ဖြစ်ပွားခဲ့တဲ့ ဒေသ (၇) ခုကို အရေးပေါ်အခြေနေ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG