သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတကို လူသတ်မှုနဲ့ စုံစမ်းဖို့ ကုလပြော


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က ရာဇဝတ်မှု ကျုးလွန်ထားသူတွေလို့ ဆိုသူတွေကို ကိုယ်တိုင် သတ်ခဲ့ဖူးကြောင်း ပြောဆိုက်လိုက်ပြီးနောက်မှာပဲ ကုလသမဂ္ဂမှာ လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းအရာရှိတဦးက ဖိလစ်ပိုင်သမ္မတ Duterte ကို စုံစမ်းစစ်ဆေးဖို့ အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။

Davao မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ် အမျိုးသား ၃ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ သောကြာနေ့က သမ္မတ Duterte ရဲ့ ပြောဆိုခဲ့တဲ့အပေါ် - လူသတ်မှုနဲ့ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Zeid al-Hussein က - ဖိလစ်ပိုင်အာဏာပိုင်တွေကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

တရားစီရင်ရေးစနစ်မှာ လူသတ်သမားအဖြစ် ကိုယ်တိုင်ဝန်ခံထားသူအပေါ် စုံစမ်းစစ်ဆေးမှုမလုပ်ဘူးဆိုတာမျိုး စဉ်းစားကြည့်လို့တောင် မရဘူးလို့ ကော်မရှင်နာမင်းကြီး Zeid က ပြောဆိုခဲ့ပါတယ်။ ရဲအရာရှိတွေ သူ့ကို အတုယူနိုင်ဖို့ Davao မြို့တဝိုက် ဆိုင်ကယ်တစင်းနဲ့ လှည့်လည်ပြီး - သတ်လို့ရမယ့် ရာဇဝတ်သားတွေကို လိုက်လံရှာဖွေခဲ့တဲ့အကြောင်း မကြာသေးခင်က မိန့်ခွန်းတွေမှာ သမ္မတ Duterte က ပြောဆိုခဲ့တာပါ။

ကုသလမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid ကတော့ - သမ္မတ Duterte ရဲ့ ဝန်ခံပြောဆိုချက်ဟာ နိုင်ငံတကာဥပဒေကို တိုက်ရိုက် ချိုးဖောက်ရာရောက်ပြီး၊ သတ်ဖြတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတာကို ဘယ်နိုင်ငံကမှ သည်းခံမှာမဟုတ်သလို - တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးဆိုတဲ့ အမှာစကားကို ပါးနိုင်ဖို့အတွက် Duterte ကို ဥပဒေနဲ့အညီ အရေးယူရမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဇွန်လကုန်မှာ သမ္မတတာဝန်ယူချိန်ကစလို့ - ဖိလစ်ပိုင်သမ္မတ Duterte ရဲ့ မူးယစ်ဆေးဝါး မှောင်ခိုသူတွေကို နှိမ်နင်းနေတဲ့ အစီအစဉ်မှာ - ရဲတွေရဲ့ လက်ချက်နဲ့ လူ ၂ ထောင်နီးပါး သေဆုံးခဲ့ရတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG