သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်ဆိပ်ကမ်းဆောက်မည်


နယ်နမိတ်ပိုင်နက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်။
နယ်နမိတ်ပိုင်နက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်။

ဖိလစ်ပိုင်နိုင်ငံက အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ သူတို့ရဲ့ ရေပိုင်နက် အစိတ်အပိုင်းကို ပြဖို့ လုပ်တဲ့ အနေနဲ့ နောက်နှစ်ကျရင် ဆိပ်ကမ်းအသစ် တခုတည်ဆောက်ဖို့ ရှိတယ်လို့ ဖိလစ်ပိုင် အရာရှိတွေက ပြောပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ တခြား အငြင်းပွါးနေတဲ့ နိုင်ငံတွေ အထူးသဖြင့် တရုတ်အနေနဲ့ တုန့်ပြန်စရာ ဖြစ်လာနိုင်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံ စည်ပင်သာယာပိုင်နက်ထဲက အသေးဆုံးဖြစ်တဲ့ Spratly ကျွန်းစု Kalayaan ဒေသရဲ့ မြို့တော်ဝန်ဟောင်း Eugenio Bito-onon ကတော့ ဒီဆိပ်ကမ်းဟာ ကျွန်းပေါ်မှာ အလှည့်ကျတာဝန်ထမ်းဆောင်နေတဲ့ စစ်သား ၅၀ လောက်ကိုရော တံငါသည် အများစုဖြစ်တဲ့ ဒေသခံ ၂၀၀ လောက်အတွက်ပါ Thitu ကျွန်းကိုလွယ်လွယ်ကူကူ သွားရောက်နိုင်ဖို့ ဖြစ်ကြောင်း ပြောပါတယ်။ ဆိပ်ကမ်းမှာ ငါးဖမ်းလှေတွေ၊ ကင်းလှည့်ရေယာဉ်တွေနဲ့ ရွက်လှေတွေပါ ခိုနားနိုင်အောင် လုပ်ဆောင်ဖို့ ရှိတယ်လို့လည်းပြောပါတယ်။

ဒီဆိပ်ကမ်းကို ၂၀၁၂ ခုနှစ်ထဲက တည်ဆောက်ဖို့ လုပ်ခဲ့ပေမယ့် တရုတ်အစိုးရကို ရေပိုင်နက်ပြဿနာနဲ့ ပါတ်သက်ပြီး ဖိလစ်ပိုင်က တိုင်ကြားမှုတွေ လုပ်နေရတာမို့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းထားရတာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ အငြင်းပွါးနေတဲ့ ရေပြင်ပိုင်နက်ထဲမှာ တရုတ်အစိုးရက သန္တာကျောက်တန်းတွေကို ဖယ်ရှားမြေဖို့ပြီး စစ်ရေးခံတပ်တွေ အခိုင်အမာတည်ဆောက်လာခဲ့တာ ဖြစ်ပြီး အခုအချိန်မှာ လေယာဉ်ပြေးလမ်းပါ ပါဝင်တဲ့ ခေတ်မှီ စစ်စခန်းတွေ ဖြစ်လာနေပြီလို့လည်း ပြောပါတယ်။

အခုတည်ဆောက်မယ့် ဆိပ်ကမ်းသစ်ဟာ ဖိလစ်ပိုင်ရဲ့ ဝေးလံခေါင်ဖျားကျွန်းတွေဆီကို အလွယ်တကူသွားရောက်နိုင်ရုံသာ မကပဲ Spratlys ကျွန်းစုက သဲသောင်ပြင်တွေ၊ သန္တာကျောက်တန်းတွေနဲ့ တခြား ဖိလစ်ပိုင် ပိုင်ဆိုင်တယ်လို့ ကြေညာထားတဲ့ ကျွန်း ၈ ခုဆီကိုပါ သွားနိုင်မှာ ဖြစ်ကြောင်း ဖိလစ်ပိုင် အရာရှိတွေက ပြောပါတယ်။ Kalayaan ဒေသမှာ ဖိလစ်ပိုင်က ပိုင်ဆိုင်တယ်လု့ိ ကြေညာထားတဲ့ ကျွန်းပေါင်း ၉၅ ကျွန်းနဲ့ သန္တာကျောက်တန်းတွေ ရှိနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG