သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုလန်သမ္မတရွေးကောက်ပွဲ နောက်တကျော့ ယှဉ်ပြိုင်ရမည်


ပိုလန်နိုင်ငံက အလယ်အလတ်ဝါဒီ သမ္မတလောင်း Bronislaw Komorowski နဲ့ ရှေးရိုးစွဲဝါဒီ Jaroslaw Kaczynski တို့ မနေ့တုန်းက ရွေးကောက်ပွဲရလာဒ်တွေမှာ အပြတ်အသတ် အနိုင်မရခဲ့ကြတဲ့အတွက် တကျော့ပြန် ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။

ဒီကနေ့ မဲအားလုံးနီးပါးကို ရေတွက်ပြီးချိန်မှာတော့ ယာယီသမ္မတနဲ့ လွှတ်တော် ပြောခွင့်ရသူ အဖြစ်တာဝန်ယူထားတဲ့ ကော်မိုရိုစကီးက မဲအားလုံးရဲ့ ၄၁%၊ ကွယ်လွန်သူသမ္မတရဲ့ အမွှာ ညီအကိုဖြစ်တဲ့ ဂျရိုစလော ကာဇင်စကီး ကတော့ ၃၇% ရခဲ့ကြတာပါ။

ရုရှားနိုင်ငံ အနောက်ပိုင်းမှာ ဧပြီလ ၁၀ ရက်နေ့တုန်းက ပိုလန်အစိုးရ ထိပ်တန်းခေါင်းဆောင် တွေနဲ့ သမ္မတ Lech Kaczynski ဇနီးသည် ဖြစ်သူတို့အပါအဝင် လူပေါင်း ၉၄ ယောက် လေယာဉ်ပျက်ကျ သေဆုံးရာက သမ္မတနေရာအစားထိုးဖို့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ဖြစ်လာရတာပါ။

ကိုယ်စားလှယ်လောင်းတဦးဖြစ်တဲ့ ကော်မိုရိုစကီးဟာဆိုရင် ဥရောပ သမဂ္ဂ (EU) ကို ထောက်ခံတဲ့ စီးပွားရေးမူဝါဒတွေကို ဦးစားပေးတဲ့ Civil Platform ပါတီကို ဦးဆောင်နေတာ ဖြစ်ပြီး သူနဲ့ ယှဉ်ပြိုင်သူ ကာဇင်စကီးကတော့ ကွယ်လွန်သူ အကိုဖြစ်သူလိုပဲ ဥရောပသမဂ္ဂနဲ့ ပတ်သက် လို့ သဘောထားတင်းမာသူတဦးဖြစ်သလို အထူးသဖြင့် ဂျာမဏီနဲ့ ရုရှားနိုင်ငံတွေဟာ ပိုလန်နိုင်ငံရဲ့ အတိတ်ကရန်သူအဖြစ် သဘောထား ကြောင်းလည်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုသူဖြစ်ပါတယ်။

အပြတ်အသတ် အနိုင်မရကြတဲ့အတွက် မဲအများဆုံးရထားသူ ခေါင်းဆောင် ၂ ဦး ရှေ့လာမယ့် ဇူလိုင်လ ၄ ရက်နေ့မှာ တကျော့ပြန် ရွေးကောက်ပွဲတွေနဲ့ ပြန်လည် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG