သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ် ရွေးပွဲ Guterres ကိုလူကြိုက်များ


 ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း Antonio Guterres
ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း Antonio Guterres

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရာထူးအတွက် ယှဉ်ပြိုင်နေကြတာမှာ ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း Antonio Guterres က ရှေ့ကနေ ဦးဆောင်နေပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တရားဝင်မဟုတ်သေးတဲ့ သောကြာနေ့ ဒုတိယ အကြိမ် အစမ်းမဲပေးပွဲမှာတော့ Guterres က သူ့နဲ့ယှဉ်ပြိုင် နေသူ အခြား(၁၁)ဦး ထက် အသာရနေတယ်လို့ သံတမန်အသိုင်းဝိုင်းကပြောပါတယ်။ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံရှိတဲ့အနက် ထောက်ခံမှု ၁၁ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့ ကြားနေ ၂ မဲ ရှိခဲ့ပါတယ်။

Guterres ဟာ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးအဖြစ် ၁၀ နှစ်ကြာဆောင် ရွက်ခဲ့ တာကြောင့်ရော၊ ၁၉၉၅ ကနေ ၂၀၀၂ ခုနှစ်ထိ ပေါ်တူဂီဝန်ကြီးချုပ် အဖြစ် ဆောင်ရွက်ခဲ့တဲ့အပေါ် သူ့ကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအများစုက အထင်ကြီးလေးစားနေကြတာပါ။

ပြီးခဲ့တဲ့ သီတင်း ၂ပတ်တုန်းကလုပ်တဲ့ ပထမအကြိမ် ဆန္ဒ သဘောထား ပေး ရာမှာတော့ ဆလိုဗေးနီးယား သမ္မတဟောင်း Danilo Turkက Guterres နောက် မဲသိပ်မကွာပေမယ့် အခုနောက်ဆုံး သဘောထားတွေအရ Danilo Turk က နံပါတ် ၄ နေရာကို လျှောကျသွားတယ်လို့ သံတမန်တွေက ပြောပါတယ်။

Serbia နိုင်ငံခြားရေးဝန်ကြီးဟောင်း Vuk Jeremic ကတော့ အရင်နံပါတ် ၄ နေရာ ရှိရာကနေ ထောက်ခံမဲ(၈)မဲနဲ့ အခု နံပါတ် ၂ နေရာကို ရောက်လာခဲ့ပါတယ်။ ကုလသမဂ္ဂအရာရှိတွေကြား ရေပန်းစားတဲ့ အာဂျင်တီနား နိုင်ငံခြားရေး ဝန်ကြီးဟောင်း Susana Malcorra ကတော့ အစောပိုင်း နံပါတ် ၇ နေရာ ရှိခဲ့ရကနေ သောကြာနေ့ မဲဆန္ဒအရ တတိယနေရာကို ရောက်လာပါတယ်။

UNESCO အဖွဲ့အကြီးအကဲ Irina Bokova ကတော့ တတိယနေရာ ရထားရာကနေ နံပါတ် ၅နေရာကို လျှောကျသွားပါတယ်။ UNDP အကြီးအကဲ နယူးဇီလန် ဝန်ကြီးချုပ်ဟောင်း Helen Clark ကတော့ နံပါတ် ၇ နေရာမှာ ဆက်ရှိနေဆဲဖြစ်ပြီး၊ နံပါတ် ၆ ကတော့ မက်ဆီဒိုးနီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်း Srgjan Kerim ဖြစ်ပါတယ်။

XS
SM
MD
LG