သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာအဝှမ်း သတင်းလွတ်လပ်ခွင့် ကျဆင်း


Freedom House အဖွဲ့ကြီးရဲ့ ၂၀၁၆ ခုနှစ် အစီရင်ခံစာ
Freedom House အဖွဲ့ကြီးရဲ့ ၂၀၁၆ ခုနှစ် အစီရင်ခံစာ

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေကပြီးခဲ့တဲ့နှစ် အတွင်း လွတ်လပ်ခွင့် မရှိတဲ့နိုင်ငံ အဖြစ် ဝါရှင်တန် အခြေစိုက် Freedom House အဖွဲ့ကြီးရဲ့ ၂၀၁၆ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

ကမ္ဘာ့တလွှား နိုင်ငံတွေရဲ့ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အတွင်း သတင်းလွတ်လပ်ခွင့်က ဆယ်စုနှစ် တခုကျော် အတွင်း အနိမ့်ဆုံး ရောက်ရှိခဲ့တယ်လို့လည်း လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး စောင့်ကြည့်မှု အဖွဲ့ကြီး Freedom House ရဲ့ ဗုဒ္ဓဟူးနေ့ထုတ် အစီရင်ခံစာက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၉၉ နိုင်ငံမှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်က အဆင့် ၁၆၁ မှာ ရှိနေပါတယ်။ သတင်းလွတ်လပ်ခွင့် အဆိုးဆုံး အဖြစ် ရမှတ် ၁၀၀ သတ်မှတ် တိုင်းတာတာမှာ မြန်မာနိုင်ငံက ၇၃ မှတ် ရရှိပါတယ်။

ကမ္ဘာ့နိုင်ငံ ၁၉၉ နိုင်ငံထဲက သတင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းနေတဲ့ နိုင်ငံပေါင်း ၅၀ ထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ နိုင်ငံရေး သတင်းတွေကို လွတ်လွတ်လပ်လပ် ရေးသားခွင့်ရတဲ့၊ သတင်းထောက်တွေရဲ့ လုံခြုံမှု အာမခံချက်ရှိတဲ့ ၊ မီဒီယာတွေအပေါ်မှာ အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှု အနည်းဆုံးနဲ့ မီဒီယာတွေကို ဥပဒေကြောင်းအရရော စီးပွားရေး အရရော ဖိနှိပ်မှုတွေ မရှိတဲ့ နိုင်ငံတွေမှာ နေထိုင်သူကတော့ ကမ္ဘာပေါ်ကလူ ၇ ဦးမှာ တဦးဘဲ ရှိပါတယ်လို့ Freedom House အစီရင်ခံစာက ဖော်ပြပါတယ်။

ကမ္ဘာတလွှား လွတ်လပ်စွာ သတင်းရေးသား ဖော်ပြတဲ့ သတင်းထောက်တွေ အပေါ် အုပ်ချုပ်ရေး အာဏာပိုင်တွေ၊ အကြမ်းဖက် အဖွဲ့တွေက နှိမ်နင်း ဖြိုခွဲနေကြသလို တဖက်မှာလည်း အစိုးရ တာဝန်ရှိသူတွေကို ဆန့်ကျင်တဲ့ ဒါမှမဟုတ်လည်း အဂတိလိုက်စားမှုတွေကို ရဲရဲဝင့်ဝင့် ဖော်ထုတ် ရေးသား ဖော်ပြကြတဲ့ သတင်းထောက်တွေ ကို ထောင်ချ၊ အကြမ်းဖက်၊ သတ်ဖြတ်ခံနေရတယ်လို့လည်း Freedom House အဖွဲ့ကြီးရဲ့ ၂၀၁၅ ခုနှစ် သတင်းလွတ်လပ်ခွင့် အစီရင်ခံစာ ပြုစုရေးဆိုင်ရာ ညွှန်ကြားရေးမှူး Jennifer Dunham ကလည်း ဗွီအိုအေကို ပြောပါတယ်။ အခြေအနေ အဆိုးရွားဆုံး နိုင်ငံတွေကတော့ မြောက်ကိုရီးယား၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက် ကစ္စတန်၊ ခရိုင်းမီးယား၊ အီရစ်တီးယား၊ ကျူးဘား၊ ဘဲလာရုစ်၊ အီကွေတိုရီယယ်လ် ဂီနီ၊ အီရန်နဲ့ ဆီးရီးယား နိုင်ငံတို့ ဖြစ်ပါတယ်။

XS
SM
MD
LG