သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်လူမျိုး အခေါ်အဝေါ် အတည်ပြုမှု ပြည်နယ် အစိုးရ ကြေငြာချက် ထုတ်ပြန်


ဂျွန်လ ၃ရက်နေ့က စစ်တွေမြို့တွင် ပြုလုပ်သော ရခိုင်လူမျိုးအပေါ် အသုံးအနှုန်း အခေါ်အဝေါ်ကို ဆန္ဒပြပွဲ။ ဓါတ်ပုံ - (Facebook/ မာရယု)
ဂျွန်လ ၃ရက်နေ့က စစ်တွေမြို့တွင် ပြုလုပ်သော ရခိုင်လူမျိုးအပေါ် အသုံးအနှုန်း အခေါ်အဝေါ်ကို ဆန္ဒပြပွဲ။ ဓါတ်ပုံ - (Facebook/ မာရယု)

ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာကိုးကွယ်သူ ဒေသခံ တိုင်းရင်းသားများဆိုတဲ့ အသုံး အနှုန်းကို ရခိုင်ပြည်နယ် အစိုးရက ပယ်ချပါတယ်။ ရခိုင်ပြည်သူတွေရဲ့ လိုလားချက် အတိုင်း ရခိုင်လူမျိုး လို့သာ ခေါ်ဝေါ်သုံးစွဲမယ်လို့လည်း ပြည်နယ် အစိုးရက ထုတ်ပြန်ပါတယ်။ အသုံးအနှုန်း အခေါ်အဝေါ်တွေနဲ့ ပတ်သက်ပြီး ဆန္ဒပြ ပွဲတွေ ပေါ်ပေါက် နေသလို တဖက်မှာလည်း ရခိုင်ပြည်နယ်တွင်းက နိုင်ငံသား စိစစ်ရေး လုပ်ငန်းတွေမှာလည်း လူထုရဲ့ ပါဝင်မှုက နည်းနေသေးတဲ့ အကြောင်း မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ဟုတ်ကဲ့ပါ။

ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး တနင်္ဂနွေနေ့မှာ ရဟန်းရှင်လူ အများအပြား ဆန္ဒပြ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်း နေထိုင်ကြ သူတွေကို ခေါ်ဝေါ် သုံးစွဲနေတဲ့ နာမည်တွေနဲ့ ပတ်သက်ပြီး မကျေနပ်သံတွေလည်း ထွက်ပေါ်လာနေတာပါ။

ဒီအချိန်မှာဘဲ ရခိုင်ပြည်သူတွေရဲ့ လိုလားချက် အတိုင်း ရခိုင်လူမျိုး လို့သာ ခေါ်ဝေါ် သုံးစွဲမယ်လို့ ရခိုင်ပြည်နယ် အစိုးရက တနလာၤနေ့မှာ ကြေညာပါတယ်။ ရခိုင် အစိုးရရဲ့ ပြောခွင့်ရ စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်က ဗွီအိုအေကို ပြောပါတယ်။

“ကုန်ခဲ့တဲ့ တစ်ပတ်လလောက်ကတည်းက ရခိုင်ပြည်မှ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ တိုင်းရင်းသားများ ဆိုတဲ့ ဟာတစ်ခုက တက်လာတယ် ခင်ဗျ။ အဲဒါ ရခိုင်ပြည်မှာ ရခိုင်လူမျိုးဆိုတာ ပျောက်နေတာပေါ့။ အဲဒါကို အဖြစ်မခံနိုင်ဘူး။ အဲဒါကြောင့် ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရခိုင် တိုင်းရင်းသားတွေ အနေနဲ့ ရခိုင် လူမျိုး အဖြစ်နဲ့ ပဲ သုံးစွဲ မယ်ဆိုတဲ့ ဟာမျိုး။ ဗုဒ္ဓဘာသာတွေလို့ မဟုတ်ဘူးပေါ့ဗျာ။ ရခိုင်ပြည်က ဗုဒ္ဓဘာသာ မဟုတ်တော့ဘူးပေါ့။ ရခိုင်ပြည်က ရခိုင်တိုင်းရင်းသားတွေအနေနဲ့ပေါ့။ အဲဒါမျိုး သုံးစွဲမယ်ဆိုတာကို ထုတ်ပြန်လိုက်တာပါ။ သတ်မှတ်တာတော့ မဟုတ်ဘူးဗျ။ အဲဒါလဲ ဒီပြန်ကြားရေးက ထွက်တာ တွေ့လိုက်တယ်။ အဲဒီ အသုံးအနံှုးသုံးပြီးတော့လည်း ရခိုင်ပြည်မှ ဗုဒ္ဓဘာသာ ကိုးကွယ်သူ တိုင်းရင်းသား ဆိုပြီးတော့ ထွက်လာတာ ရှိခဲ့တယ်။ အဲဒါကိုတော့ ကျွန်တော်တို့အနေနဲ့ ပြည်နယ် အစိုးရ အနေနဲ့က ရခိုင်ပြည်က ရခိုင် တိုင်းရင်းသား ဆိုတဲ့ အသုံးပဲ သုံးပါ ဆိုတဲ့ ဟာမျိုး ပြန်ထုတ်ပြန်လိုက်တာပါ။”

ရခိုင်ပြည်နယ်တွင်းမှာ ပြီးခဲ့တဲ့ အစိုးရ လက်ထက်က ဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေးဆန်တဲ့ အဓိကရုဏ်းတွေကြောင့် အသိုင်းအဝိုင်း နှစ်ခုကြား ယုံကြည်မှု ပျောက်နေတဲ့ အခြေအနေကို ဖြေရှင်းဖို့ ကြိုးစားတဲ့ အနေနဲ့ ရခိုင်ပြည်နယ်တွင်းက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာတွေလို့ ပြောဆိုနေသူတွေကို ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအဝိုင်းလို့ သုံးနှုန်းပြောဆိုဖို့ ကုလ သမဂ္ဂမှာ မြန်မာ အစိုးရက တရားဝင် ပြောကြား လိုက်တာပါ။

တချိန်တည်းမှာဘဲ ရခိုင်ပြည်နယ်တွင်းမှာ နိုင်ငံသား စိစစ်ရေးလုပ်ငန်းတွေကိုလည်း တဖက်က စတင် လုပ်ဆောင်ပါတယ်။ ရခိုင် မြို့နယ် သုံးခုတို့မှာ စမ်းသပ် လုပ်ဆောင်အပြီးမှာတော့ မူဆလင် အသိုင်းအဝိုင်း အများစု ရှိရာ မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်တွေမှာလည်း အခု နိုင်ငံသား စိစစ်ရေး လုပ်ငန်းတွေကို စတင်နေပါတယ်။ မောင်တော ခရိုင် လူဝင်မှု ကြီးကြပ်ရေးဌာနရဲ့ ဦးစီးမှူး ဦးသန်းရွှေက လက်ရှိ နိုင်ငံသား စီစစ်ရေး လုပ်ဆောင်နေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ပထမ လေးနေရာကကျတော့ ကျွန်တော်တို့ ကွင်းကို သတ်မှတ်ပြီးတော့ ဖြစ်နိုင်တဲ့ ဟာတွေကို တကယ်လုပ်နိုင်မယ့် နေရာလေးကို သတ်မှတ်ပြီးတေ့ ကျွန်တော်တို့ ဒီကနေပြီးတော့ အင်အား အမြောက်အများနဲ့ သွားဆင်းပါတယ်။ ဆင်းတဲ့အခါ ကျတော့ သူတို့က၊ လုပ်မယ့်သူ မရှိတဲ့ အခါကျတော့ ကျွန်တော်တို့က အချိန်ကုန် ငွေပင်ပန်းပြီးတော့ ရုံးလုပ်ငန်းကြီးကို အပြင်မှာ ဖွင့်ထား ပြီးတော့ တော်တော် အခက်အခဲ ဖြစ်ပါတယ်။ မိုးတစ်ဖက် လေတစ်ဖက်နဲ့ လေ။ အဲဒါကြောင့် ကျွန်တော် အဲဒီဟာကို ရပ်ကွက်တွေကို ဆင်းတာ လိုက်လုပ် ကြည့်တယ်။ အခုတော့ ရုံးမှာ ဖွင့်ပြီးတော့ပဲ လာတဲ့သူကို လုပ်ပေးတဲ့ စနစ်နဲ့ လောလောဆယ် အထက် ညွှန်ကြားချက်အရ မရသေးခင်မှာ ထုတ်ပေး ရတယ်။ ဒါပေမယ့် ကွင်းဆင်းဖို့ ဆိုတာကလဲ အဖွဲ့လိုက်အနေနဲ့ တစ်မြို့နယ်လုံး ဆင်းဖို့ ဆိုတာက လုပ်လိုတဲ့ ဆန္ဒမရှိပဲ ဘာလုပ်လို့ လုပ်ရမှန်း မသိတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ သန်းခေါင်စာရင်း ကောက်တုန်းက လူမျိုးရေးကို အခြေခံပြီးတော့ သန်းခေါင်စာရင်းတွေ အကောက်မခံခဲ့ဘူး။ အဲဒီရဲ့ စိတ်ဆန္ဒတွေ ရှိကောင်းရှိမယ်။ နောက်တစ်ခုက သူတို့က ဒီမှာ အခု ဆင်းလုပ်တဲ့အခါမှာ ဟိုဟာပေါ့ ခဏခဏ အဖြူရောင် ကဒ်ပြားနဲ့ လဲတာကို တစ်ခါ၊ ဥပမာ ဆိုပါတော့။ ပြေစာ ကဒ်ပြားတွေ ထုတ်ပေးတယ်။ နောက်တခါ NVC လဲတယ်။ လဲတဲ့ အခါမှာ ခဏခဏ လုပ်တာတို့၊ အစိုးရ အဖွဲ့အစည်းကို မယုံတဲ့ သဘောမျိုးတွေပေါ့။ အပြင်မှာ ပြောဆိုချက် ကလေးတွေပေါ့။ နောက်တစ်ခုက သူတို့က ဘယ်လို ခေါ်မလဲ ဆိုတော့၊ အခု အဖြူရောင် ကဒ်ပြား ကိုင်သည် ဖြစ်စေ၊ မကိုင်သည် ဖြစ်စေ၊ ပြန်သိမ်းသည်ဖြစ်စေ၊ အခု NVC မထုတ်ပဲနဲ့ နိုင်ငံသား စီစစ်ရေးကဒ်ပြားကို တိုက်ရိုက်ပေါ့နော်။ လျှောက်လွှာတင်ပြီးတော့ ထုတ်ပေးတဲ့ အဆင့်မျိုးကို ဆောင်ရွက်ပေးဖို့ ဆိုတာမျိုးကိုလည်း အပြင်မှာ ပြောဆိုပြီးတော့၊ အဲဒီလိုပဲ နည်းနည်း သူတို့ရဲ့ ဆန့်ကျင်ဘက် အနေအထား လေးတွေကို တွေ့ရ တယ်။ ”

မောင်တော ခရိုင်အတွင်းက လူမှု အသိုင်းအဝိုင်း အနေနဲ့ကလည်း အစိုးရရဲ့ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ တုံ့ဆိုင်းနေကြဆဲ ဖြစ်ပါတယ်။ အရင် ဦးသိန်းစိန် အစိုးရ လက်ထက်က ယာယီ သက်သေခံ လက်မှတ် အဖြူရောင် ကဒ် ထုတ်ပေးထားသူ ၂၀၀ ကျော်ရှိထားပြီး နိုင်ငံသား စိစစ်ရေး လုပ်ငန်းတွေ ဆက်ပြီး လုပ်နေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG