သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ronaldo ရွှေဘောလုံးဆု စတုတ္ထအကြိမ် ဆွတ်ခူး


ရှေ့တန်းတိုက်စစ်မှူး Cristiano Ronaldo
ရှေ့တန်းတိုက်စစ်မှူး Cristiano Ronaldo

Real Madrid နဲ့ ပေါ်တူဂီ ဘောလုံးအသင်းတွေက ရှေ့တန်းတိုက်စစ်မှူး Cristiano Ronaldo ဟာ Ballon d'Or ရွှေဘောလုံးဆုကို ၄ ကြိမ်မြောက် ရရှိသွားပါတယ်။

၂၀၁၆ ခုနှစ်အတွက် ဥရောပချန်ပီယံဖလားနဲ့ Champions League ဖလားတွေရရှိအောင် ကစားပေးနိုင်ခဲ့တဲ့ Ronaldo က Barcelona အသင်းက အာဂျင်တီးနားကစားသမား Lionel Messi ထက် မဲအသာရပြီး ၂၀၁၆ ခုနှစ်အတွက် ရွှေဘောလုံးဆုကို ရရှိခဲ့တာပါ။ ဒါကြောင့် လက်ရှိရွှေဘောလုံးဆုကို ၅ ကြိမ်ရရှိထားတဲ့ Messi ကိုအမှီလိုက်ဖို့ Ronaldo နောက်တကြိမ် ထပ်ရဖို့ပဲလိုပါတော့တယ်။ ခုလိုရွှေဘောလုံးဆုကို ၄ ကြိမ်ရမယ်လို့ မျှော်လင့်မထားဘူးလို့ Ronaldo ကပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ Real Madrid အသင်း Champions League ဖလားရအောင် ဂိုးတွေသွင်းပေးနိုင်ခဲ့တဲ့ပြင် ပေါ်တူဂီအသင်း ၂၀၁၆ ဥရောပချန်ပီယံဖလားရအောင် Cristiano Ronaldo က အနိုင်ဂိုးတွေ သွင်းပေးခဲ့တာဖြစ်ပါတယ်။ ဥရောပမှာ အခြေစိုက်ကစားကြတဲ့ ဘောလုံးသမားတွေထဲက အကောင်းဆုံးကစားသမားကို ကမ္ဘာတဝန်းမှာရှိတဲ့ သတင်းထောက် ၁၇၃ ယောက်က ရွေးချယ်ပြီး Ballon d'Or ရွှေဘောလုံးဆုကို ပေးတာဖြစ်ပါတယ်။

France Football ဘောလုံးမဂ္ဂဇင်းကြီးက နှစ်စဉ်ချီးမြှင့်တဲ့ဆုကြီးကို Cristiano Ronaldo က ၂၀၀၈, ၂၀၁၃, ၂၀၁၄ နဲ့ အခု ၂၀၁၆ မှာ ၄ ကြိမ်မြောက်ရရှိတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG